Border News Agency
ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ သောက်သုံးရေကန်တွေ စတင်ခမ်းခြောက်နေပါပြီ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ သောက်သုံးရေကန်တွေဟာ နိုဝင်ဘာလနောက်ဆုံးအပတ်က စတင်ခမ်းခြောက်နေတာပါ။
အဲဒါကြောင့် ကျေးရွာသားတွေအပါအဝင် အနီးရှိစစ်ဘေးရှောင်တွေလည်း သောက်သုံးရေအခက်အခဲဖြစ်နေကြပါတယ်။
အဲဒီဂဏန်းတောင်စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်း၊ မီးရထားဘူတာစစ်ဘေးရှောင်စခန်း၊ မြတ်လေးစစ်ဘေးရှောင်စခန်းတွေရှိရေကန်တွေလည်း ခမ်းခြောက်နေပြီဖြစ်ပါတယ်။
အဲဒါကြောင့် သောက်သုံးရေတွေရှားပါးလာနေတာမို့ အကူညီတွေလိုအပ်နေကြတာဖြစ်ပါတယ်။
အဲဒီစိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၃၁၂စု၊ ကျား ၅၆၉ဦး၊ မ ၆၈၀ ဦး၊ စုစုပေါင်း ၁၂၄၉ ဦးရှိပါတယ်။
ရခိုင်ဟာ မိုးများဒေသဖြစ်ပေမယ့် နှစ်စဉ်နှစ်တိုင်းရေရှားပါးမှုပြဿနာတွေကြုံတွေ့နေရတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးဖို့အစီအမံတွေလိုအပ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။













