Border News Agency
ကျောက်ဖြူ၊ ဒီဇင်ဘာ ၁၅။
ကျောက်ဖြူမြို့နယ်မှ ကျေးရွာသုံးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ စာသင်ကျောင်းတေွပျက်စီးသွားခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ အင်းတိုင်းရွာ၊ ကျောက်ကလေရွာနဲ့ မင်းရပ်ရွာကို ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအင်တိုင်းကြီးရွာရှိဘုန်းကြီးကျောင်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နေ့လည်ကအသေခံဒရုန်းနဲ့ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့်ဘုန်းကြီးကျောင်း ခေါင်မိုးနဲ့ နံရံတွေပျက်စီးခဲ့ပြီး သံဃာအသုံးဆောင်ပစ္စည်းတွေလည်း ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် ကျောက်ကလယ်ရွာ ဘုန်းကြီးကျောင်းကို အဲဒီနေ့ နေ့လည် ၂ နာရီခန့်အချိန်က စစ်ကော်မရှင်တပ် ဒရုန်းဗုံးနဲ့တိုက်ခိုက်လို့ ပျက်စီးခဲ့ပါတယ်။
နောက်ပြီး မင်းရပ်ရွာရှိစစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မှုလတန်းစာသင်ကျောင်းကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့ တိုက်လိုက်ခဲ့တာကြောင့် စာသင်ကျောင်းရှိခေါင်မိုးနဲ့ နံရံတွေပျက်စီးခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ့်ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် မြောက်ဦးမြို့ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၉နာရီကျော်အချိန်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဆယ်သုံးဦးသေဆုံးပြီး ခုနှစ်ဆယ်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပါအဝင် သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့နယ်ကို ရွယ်ရည်ချက်ရှိရှိ လေကြော
င်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။










