Border New Agency
ရန်ကုန်၊ ဇန်နဝါရီ ၁။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အကျဉ်းသားတရာ့တဆယ်ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ဇန်နဝါရီလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကမ္ဘာ့နှစ်သစ်ကူး၊ ဇန်နဝါရီလ ၁ ရက်၊ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဥ်းသူ၊ အကျဥ်းသားတရာ့တဆယ်ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာပါ။
အဲဒီနွေဦးတော်လှန်ရေးအကျိုးစီးပွားကိုရှေ့ရှုပြီး ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး၊ လူသားချင်းစာနာထောက်ထားမှုကိုအလေးထားပြီး ပြစ်ဒဏ်ကျနေသူတွေကိုပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
အဲဒီအပြင်ရာဇဝတ်ကျင့်ဝတ်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရစည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ပြစ်ဒဏ်ခံကျနေတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကိုလည်း ထောင်ဒဏ်ရဲ့သုံးပုံတပုံ ရာဇဝတ်ကျင့်ထုံးဥပ ဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ဆိုပါတယ်။







