Border News Agency
ပုဏ္ဏားကျွန်း၊ ဇန်နဝါရီ ၇။
အာရက္ခတပ်တော််ထိန်းချုပ်နယ်မြေတွေမှာ စစ်ကော်မရှင်တပ်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ပြီးဆောက်လာကြတာမို့ ဝါးနဲ့ဓနိီးချပ်တွေ ရောင်းအားကော
င်းနေပါတယ်။
အိမ်ဆောက်ပစ္စည်းဈေးနှုန်းမြင့်တက်တာနဲ့ စစ်ပွဲအန္တရာယ်ကြောင့် အာရက္ခပြည်သူတွေဟာ အကုန်အကျနည်းပြီး အရိပ်ရတဲ့ ဝါး၊ဓနိီးတွေကိုသာအဓိကအားထားနေကြရပါတယ်။
ဝါးအလုံးတရာကို ကျပ်ခြောက်သောင်းမှ တသိန်းကျော်၊ ဓနိီးအချပ်တရာကိုကျပ် သုံးသောင်းခွဲခန့်ထိဈေးနှုန်းရှိနေပါတယ်။
နေအိမ်တွေအပြင် မွေးမြူရေးခြံတွေပါဆောက်လုပ်လာကြတာမို့ အချိန်တပတ်အတွင်းအများအပြားရောင်းအားကောင်းနေတယ်လို့ ဝါးနဲ့ဓနိချပ်ရောင်းနေသူတွေကဆိုကြပါတယ်။
အဲဒီဝါးနဲ့ဓနိီးတွေကို မြေပုံ၊ မင်းပြားနဲ့ မြစ်ကြောင်းအထက်ပိုင်းဒေသတွေမှထွက်ရှိပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာဖြန့်ဖြူးရောင်းချနေကြပါတယ်။












