Border News Agency
မန္တလေး၊ ဖေဖော်ဝါရီ ၂။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းတွေနဲ့တပ်ရင်းတွေမှာ WPS (Women, Peace and Security) ဆိုင်ရာဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲတွေကို အမှတ် ၁၊ ၂၊ ၃ စစ်ကြောင်းတွေအပြင် သထုံဒေသအခြေစိုက် အမှတ် ၃ တပ်ရင်းမှာ ပြုလုပ်ခဲ့တာပါ။
အမျိုးသမီးနဲ့လူငယ်လုပ်ငန်းအဖွဲ့ရဲ့ ဒေသဆိုင်ရာတာဝန်ခံတွေကဦးစီးပြီး တပ်ဖွဲ့ဝင်တွေအားတက်သရော ပါဝင်ဆွေးနွေးနိုင်အောင် စီစဉ်ပေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ WPS ရဲ့ သဘောသဘာဝတွေ၊ တော်လှန်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အဓိကထားပြောဆိုခဲ့ကြပါတယ်။
အဲဒီအပြင် တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးဆိုင်ရာ အမြင်တွေကိုလည်း အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြပါတယ်။
အဲဒီလို ဆွေးနွေးပွဲတွေဟာ တပ်တွင်းမှာနားလည်သဘောပေါက်မှုပိုရှိလာအောင် ရည်ရွယ်တာဖြစ်ပြီး နောင်မှာလည်း တခြားတပ်ရင်းတွေတင်မကဘဲ ပြည်သူလူထုကြားထဲအထိ WPS အသိပညာပေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
























