Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၃။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက PDF စခန်းတခုကို ဝင်စီးတဲ့စစ်ကော်မရှင်စစ်ကြောင်းမိုင်းပေါက်ကွဲပြီးငါးဦးသေဆုံးသွားတယ်လို့ 8 + အညာမြေ စစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
တွင်းမရွာအနီးမှာရှိတဲ့ အဲဒီစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က အိုရင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီစခန်းထဲမှာ တွေ့တဲ့အဆင့်မြင့်မိုင်းတခုကို စစ်သားတွေက ဖွင့်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာတင်သုံး ဦးသေဆုံးကာနှစ်ဦး အိုရင်းရွာအရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
အဲဒီစီးနင်းမှုအတွင်းမှာ 8 + အညာမြေစစ်ဆင်ရေးအဖွဲ့ပိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ယူနီဖောင်းနဲ့ ထုတ်လုပ်ရေးပစ္စည်းတွေ စုစုပေါင်းကာလတန်ဖိုး သိန်းတရာခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ အိုရင်းရွာဘုန်းကြီးကျောင်းက ဆန်အိတ်တွေကိုလည်း ကားလေးစီးနဲ့ တိုက်ယူသွားတယ်လို့ ဆိုပါတယ်။
















