Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ရာမ” အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။
အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။
အဲဒီအပြင် ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။











































