Border News Agency
ပေါက်၊ ဖေဖော်ဝါရီ ၁၀။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးနေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ ဖေဖော်ဝါရီလ ၁၀ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
ပေါက်မြို့နယ်မှာ ဒီနေ့မနက် ၉ နာရီ ၅၈ မိနစ်အချိန်ခန့်က ကပစ ၂၂ မှ ပါရာမော်တာနဲ့ တကြိမ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၄၉ မိနစ်အချိန်ခန့်က မကွေးလေတပ်မှ တိုက်လေယာဥ်သုံးစီးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဟာ ဘုရားပွဲကျင်းပနေချိန်မှာ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခုနှစ်ကာလတွေမှာ လူစုလူဝေးပြုလုပ်တာတွေ အထူးရှောင်ကြည်ဖို့လိုအပ်ပြီး နောက်ထပ်လည်း အခုဖြစ်စဉ်လိုမျိုး တိုက်ခိုက်ခံရနိုင်တယ်လို့ ဆိုပါတယ်။
အလှူအတန်းတွေ၊ မင်္ဂလာဆောင် ၊ချစ်ကြည်ရေး ဘောလုံးပွဲတွေပြုလုပ်တာတွေ အထူးရှောင်ကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို လူထုအနေနဲ့မသွားပဲနေသင့်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ အကြံပြုတိုက်တွန်းထားပါတယ်။









