Border News Agency
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈။
ဘန်ကောက်မြို့၊ ပဏ္ဍဝေဌ်ခရိုင်ရှိ စက္ကူအဟောင်းဝယ်စင်တာစက်ရုံတခုမှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရာမရေဒီယိုသတင်းစင်တာ (Rama Radio Center) က ထုတ်ပြန်ပါတယ်။
ချလမ်ဖရာကယက်ရာမ ၉ လမ်းသွယ်ရှိ စက်ရုံမီးလောင်မှုကို ည ၈ နာရီ ၄၆ မိနစ်မှာ သတင်းရရှိတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ ချက်ချင်းသွားရောက် ငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မီးလောင်နေတဲ့ အဆောက်အအုံအတွင်းမှာ အမျိုးသားတဦးပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ည ၉ နာရီကျော်မှာ စတင်ဝင်ရောက်ရှာဖွေခဲ့တာပါ။
မီးသတ်သမားတွေရဲ့ ကြိုးပမ်းမှုကြောင့် ပိတ်မိနေသူကိုဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သလို ည ၉ နာရီ ၂၄ မိနစ်မှာတော့ မီးကိုလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အဲဒီမီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မြန်ဆန်တဲ့တုံ့ပြန်မှုကြောင့် လူအသေအပျောက်မရှိဘဲ အချိန်မီကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။













