Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

စင်ကာပူသင်္ဘောတွေ မီးလောင်လို့ မြန်မာသင်္ဘောသား ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

Photo - CNA

Photo - CNA

Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၀။

စင်ကာပူအခြေစိုက်ကုန်တင်သင်္ဘောနဲ့ ခရီးသည်တင်သင်္ဘောတို့ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ တပတ်အတွင်းမြန်မာသင်္ဘောသား ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီနေ့မှာထုတ်ပြန်ပါတယ်။

စင်ကာပူအလံတင် Bulk Carrier အမျိုးအစား Mandy သင်္ဘောဟာ တရုတ်နိုင်ငံ၊ ယန်တိုင်ဆိပ်ကမ်းအနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၇ နာရီ ၃၅ မိနစ်မှာ အင်ဂျင်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ 

အဲဒီလို အင်ဂျင်ခန်းပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာရှိတဲ့ သင်္ဘောသား ၂၅ ဦးထဲက မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့ရပြီး အခြားမြန်မာသင်္ဘောသားတဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီသင်္ဘောကို Pacific Rim Shipmanagement က စီမံခန့်ခွဲနေတာဖြစ်ပြီး လက်ရှိမှာတရုတ်နဲ့ စင်ကာပူအာဏာပိုင်တွေ ပူးပေါင်းစုံစမ်းနေကြပါတယ်။

အဲဒီအပြင် ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက် ၄ နာရီမှာလည်း စင်ကာပူကို ဦးတည်လာတဲ့ “World Legacy” ခရီးသည်တင်သင်္ဘောတစင်း မီးလောင်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ MPA က အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲဒီသင်္ဘောပေါ်မှာ ခရီးသည်နဲ့သင်္ဘောသား စုစုပေါင်း ၃၈၈ ဦး လိုက်ပါလာတာဖြစ်ပြီး သေဆုံးသွားတဲ့ သင်္ဘောသားတဦးကတော့ အင်ဒိုနီးရှားနိုင်ငံသား ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ခရီးသည် ၄ ဦးကိုတော့ ဆေးရုံကိုပို့ဆောင်ထားရပါတယ်။

အဲ​ဒီမီးလောင်ပေါက်ကွဲမှုဟာ သင်္ဘောရဲ့ ၉ ထပ်မြောက် (Deck 9) မှာရှိတဲ့ အနားယူဆောင် (Lounge area) ကနေ စတင်ခဲ့တာပါ။

မီးကို အချိန်မီထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ Raffles Reserved ကျောက်ဆူးရပ်နားစခန်းအနီးမှာ ဆိုက်ကပ်ထားတယ်လို့ဆိုပါတယ်။

​စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်က သေဆုံးသွားတဲ့မြန်မာသင်္ဘောသားမိသားစုတွေနဲ့ ထပ်တူဝမ်းနည်းရကြောင်းနဲ့ လိုအပ်တဲ့အကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

အဲဒီသင်္ဘောနှစ်စင်းစလုံး တည်ငြိမ်မှုရှိနေပြီဖြစ်ပေမဲ့ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ ဆက်လက်စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်လို့သိရပါတယ်။

PrevPreviousလယ်ဒိုမှာအသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်ကော်မရှင်တပ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးခိုင်းနေ
Nextကာလီဖိုးနီးယားမှာ ဆီးနှင်းတောင်ပြိုကျလို့ လူ ၈ ဦးသေဆုံးNext
Previous Post

လယ်ဒိုမှာအသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်ကော်မရှင်တပ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးခိုင်းနေ

Next Post

ကာလီဖိုးနီးယားမှာ ဆီးနှင်းတောင်ပြိုကျလို့ လူ ၈ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - လူမူကွန်ရက်

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

March 19, 2026

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

March 19, 2026

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 19, 2026
Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

March 19, 2026

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

​မူတြော်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

​မြိုင်မှာ ရိက္ခာရှာထွက်တဲ့ပျူစောထီးတွေ မိုင်းဆွဲခံရ

Releated Post

ဓာတ်ပုံ - လူမူကွန်ရက်

​ဘရိန်းရှိအမေရိကန်ရေတပ်စခန်း အီရန်ရဲ့ တိုက်ခိုက်လို့ အပြင်းအထန်ပျက်စီး

March 19, 2026

မင်းအောင်လှိုင်နဲ့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

March 19, 2026

အိန္ဒိယမှာ အကြမ်းဖက်ဖို့ကြံစည်မှုနဲ့ ယူကရိန်းနဲ့အမေရိကန်နိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 19, 2026
Photo - APM

ကျောက်ဖြူမှာစစ်ကော်မရှင်တပ်အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

March 19, 2026
Photo-KNU

​မူတြော်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

March 18, 2026

​မြိုင်မှာ ရိက္ခာရှာထွက်တဲ့ပျူစောထီးတွေ မိုင်းဆွဲခံရ

March 18, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page