စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မြို့အနောက်ဘက်ထွက်ရှိ ပြည်သူ့နေအိမ်တွေနဲ့ ဆန်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်ပါတယ်။
အဲဒီခင်ဦးဆေးရုံမှာ တပ်စွဲထားတဲ့ ဗိုလ်ကျော်ကိုကိုဦး ဦးဆောင်တဲ့ စစ်ကော်မရှင်တပ် အင်အား ၄၀ ခန့်ဟာ ဖေဖော်ဝါရီလ ၂၄ ရက်၊ညနေ ၆ နာရီအချိန်ခန့်ကခင်ဦး-ရေဦး လမ်းတလျှောက်ရှိ ပြည်သူ့နေအိမ် ၅ လုံး၊ဆိုင်ခန်း ၂ လုံးနဲ့ ဆန်စက်အကြီး ၂ လုံး၊ စုစုပေါင်း ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဲဒီမီးရှို့အဖွဲ့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူတွေကို မီးရှို့ကိုကို လို့ ခြိမ်းခြောက်လေ့ရှိတဲ့ စစ်ကော်မရှင်တပ် ဗိုလ်ကျော်ကိုကိုဦး သေဆုံးသွားခဲ့ပါတယ်။
သူသေဆုံးမှုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်၊နေ့လည် ၁ နာရီအချိန် မြို့တောယင်သုသာန်မီးရှို့သင်္ဂြိုဟ်မှာဖြစ်ပြီးစစ်ကော်မရှင်တပ် ဆီက MA-1 သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။




















