Border News Agency
မုံရွာ၊ မတ် ၅။
စစ်ကိုင်း၊မုံရွာမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ BRAVE HEART AYMY – BHA က မတ်လ ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
မုံရွာ-ချောင်းဦးလမ်းပေါ်မှာ ဆက်ကြေးကောက်နေတဲ့စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက မတ်လ ၃ ရက်နေ့က မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မုံရွာမြို့နယ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောပုပျူရွာမှစစ်ကော်မရှင်တပ်လက်အောင်ခံ ပျူအင်အား ၂၀ ခန့်ဟာ မုံရွာ-ချောင်းဦးလမ်းမှာ ဆက်ကြေးကောက်၊ မိုင်းရှာထွက်လာချိန် အထူးမိုင်းကြီးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ပျူတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲတဲ့ညမှာ စစ်ကော်မရှင်တပ်ဟာ ကြေးမုံရွာရှိပြည်သူ့နေအိမ်တလုံးမှ Surf ကားတစ်စီးနဲ့ ပိုက်ဆံတွေကိုယူပြီး ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို BRAVE HEART AYMY – BHA ၊ MONYWA DYNAMITE STF ၊ CHINDWIN FIGHTER GROUP – CFG နဲ့ MONYWA Special ဒိတ်ဒိတ်ကြဲ အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကိုလည်း BHA က အသိပေးထားပါတယ်။






