Border News Agency
အဇာဘိုင်ဂျန်၊ မတ် ၅။
အဇာဘိုင်ဂျန်နိုင်ငံထဲကို အီရန်ဒရုန်းနှစ်စင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူ ၄ ဦး ဒဏ်ရာရသွားခဲ့ပြီး အဲဒီဖြစ်စဉ်အပေါ်လက်တုံ့ပြန်သွားဖို့ ပြင်ဆင်နေတယ်လို့ Reutersသတင်းဌာနက ဒီနေ့မှာဖော်ပြလိုက်ပါတယ်။
ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်စစ်ဘက်ကတော့ သူတို့နဲ့မပတ်သက်ကြောင်း အီရန်အစိုးရပိုင်မီဒီယာတွေမှာငြင်းဆိုထားပါတယ်။
ဒါဟာ အီရန်အပေါ် အပြစ်ပုံချဖို့အတွက် အစ္စရေးကနောက်ကွယ်ကနေလုပ်ဆောင်တာဖြစ်တယ်လို့ အီရန်ဘက်ကတုံ့ပြန်ပြောဆိုထားတာပါ။
အဇာဘိုင်ဂျန်ဘက်ကတော့ နာ့ခ်ချီဗန်(Nakhchivan)လေဆိပ်နဲ့ ကျောင်းတကျောင်းအနီးမှာ ဒရုန်းတွေကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး “ဒီတိုက်ခိုက်မှုကို အဖြေမပေးဘဲထားမှာမဟုတ်ဘူး” လို့ သတိပေးထားပါတယ်။
အဲဒီကိစွတွေကြောင့် အဇာဘိုင်ဂျန်ဆိုင်ရာ အီရန်သံအမတ်ကိုလည်းခေါ်ယူပြီး ကန့်ကွက်လွှာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။






