Border News Agency
မကွေး၊ မတ် ၇။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လေ့ကျင့်ရေးနည်းပြတွေအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ခဲ့တယ်လို့ မတ်လ ၆ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ သင်တန်းကို NUG ထိန်းချုပ်နယ်မြမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ၃ ပတ်ကြာဖွင့်လှစ်ခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးနည်းပြ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
သင်တန်းမှာ PDF စစ်အခြေခံသဘောတရား၊ စစ်မြေပြင်ဆိုင်ရာ စိတ်ပညာ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊Cyber Security၊စစ်ဥပဒေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ ဘာသာရပ်တွေကိုကျွမ်းကျင်ပညာရှင်တွေနဲ့ တပ်မှူးတွေက သင်ကြားပို့ချခဲ့တာပါ။
PDF တပ်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ လေ့ကျင့်ရေးကဏ္ဍကို ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။











