Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကုလားတန်စီမံကိန်းလမ်းကြောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

(ဓာတ်ပုံ - ကုလားတန်စီမံကိန်းလမ်း ကြောင်းရှိအရေးပါတဲ့နေရာကိုအာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ပုံ / အာရက္ခတပ်တော်)

(ဓာတ်ပုံ - ကုလားတန်စီမံကိန်းလမ်း ကြောင်းရှိအရေးပါတဲ့နေရာကိုအာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ပုံ / အာရက္ခတပ်တော်)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
25
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဧပြီ ၂၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့စစ်တွေ-ပလက်ဝ၊ ကုလားတန်စီမံကိ န်းလမ်းကြောင်းကို စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်နေပါတယ်။

အဲဒီလမ်းကြောင်းရှိကျောက်တော်မြို့ နယ်၊ အာကာတောင်တန်းကို ဧပြီလ ၂၂ ရက်၊မနေ့ ​က နေ့လည် ၂ နာရီအချိန်မှ ၃ နာရီကျော်ထိ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီကုလားတန်စီမံကိန်းလမ်းကြောင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်ကို ဧပြီလ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီခန့်မှ ၁၀ နာရီခွဲအချိန်ထိစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့သလို မွန်းတည့် ၁၂ နာရီအချိန်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတော်ထုတ်ပြန်ထားပါတယ်။

အဲဒီလိုတိုက်ခိုက်နေတာတွေ အိန္ဒိယနိုင် ငံရဲ့ကုလားတန်စီမံကိန်းလမ်းကြောင်းကိုရှင်းလင်းနေသလိုဖြစ်နေပြီးပုဏ္ဏားကျွန်း၊ကျောက်တော်၊ပလက်ဝစတဲ့မြို့ နယ်တွေကို အာဏာသိမ်းစစ်တပ်ကပိုမိုလေကြောင်းတိုက်ခိုက်နေတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ထောက်ပြကြပါတယ်။

“စစ်တွေ-ပလက်ဝလမ်းကြောင်းက ပုဏ္ဏားကျွန်းနဲ့ကျောက်တော်ကို မကြာခဏလေကြောင်းတိုက်ခိုက်နေတာကိုသတိထားမိပါတယ်။နောက်ပြီး ပလက်ဝကိုလည်း လာတိုက်တာတွေဖြစ်လာပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာကုလားတန်စီမံကိန်းလမ်းကြောင်းကိုရှင်းနေသလိုဖြစ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ကနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုအကာအကွယ်ပေးနေတယ်လို့ ပြချင်နေသလိုသက်ရောက်နေပါတယ်။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတဦးက Border News Agency ကို ပြောပါတယ်

အဲဒါကြောင့်မြောက်ဦးမြို့နယ်ကိုလ ည်း ဧပြီလ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီနဲ့နေ့လယ် ၁၂ နာရီခွဲအချိန်မှာ စစ်ကော် မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးအပါအဝင်ပလက်ဝမြို့နယ်ကိုလည်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်ခဲ့တ ယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။

အဲဒီလိုတိုက်ခိုက်လို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရတာတွေရှိခဲ့သလို စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ လမ်းတွေ၊ တံတားတွေအပါအဝင်ဘုန်းကြီး ကျောင်းတွေလည်း ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။

အဲဒီလိုတိုက်ခိုက်တာတွေကိုတိုက်လေယာဥ်တွေအများအပြားအသုံးပြုနေသ လိုဗုံးတွေ အများကြီးကြဲချတိုက်ခိုက်နေတာမို့ ထိခိုက်ပျက်စီးမှုတွေများနေတာဟာ အရပ်သားပြည်သူတွေကိုခြိမ်းခြောက်နေတာဖြစ်သလို အာရက္ခတပ်တော်ကိုဖိအားပေးနေတာလည်းဖြစ်တယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်နေကြသူတွေက ထောက်ပြကြပါတယ်။

“အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်လုပ်လာတာကိုတွေ့ရပါတယ်။ အရပ်သားနေရာတွေလည်းပျက်စီးမှုပိုများလာတာကိုတွေ့ရပါတယ်။ အရပ်သားပြည်သူတွေကိုလေကြောင်းကခြိမ်းခြောက်နေတာပါ။ ဒါကအေအေကိုဖိအားပေးနေတာပါပဲ။အဓိကအပစ်ရပ်အောင်၊ ဆွေးနွေးလာအောင်ပေါ့။ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားတွေလည်းရှိနေတော့ပိုပြီးဖိအားပေးနေတဲ့သဘောပါပဲ။”လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကုလားတန်မြစ်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(Kalandan Multi -Modal Transport Transit Project) ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊မီဇိုရမ်ပြည်နယ်၊ဇိုရမ်ပူမှချင်းပြည်၊ပလ က်ဝမြို့ထိ ၁၂၉ ကီလိုမီတာရှည်တဲ့အ ဝေးပြေးလမ်းမကြီးနဲ့ ၁၅၈ ကီလိုမီတာရှည်တဲ့ကုလားတန်မြစ်ကြောင်းကုန်သွ ယ်ရေးဖြစ်ပါတယ်။

အဲဒီအထဲကစစ်တွေဆိပ်ကမ်းကို အာ ဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားပြီး ကုလားတန်မြစ်ကြောင်းကုန်သွယ်ရေးလမ်းဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှပလက်ဝမြို့နယ်ထိလမ်းကြောင်းတလျှောက်လုံးကို အာရက္ခတပ်တော်ထိန်းချုပ်ထားပါတယ်။

အဲဒီအထဲကအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ဇိုရမ်ပူမှချင်းပြည်၊ပလက်ဝမြို့ထိ အဝေးပြေးလမ်းမကြီးကို ဒီနှစ်အပြီးဆောင်ရွက်နေသလိုလာမယ့်နှစ်မှာကုန်သွယ်ရေးကိုစတင်ဆောင်ရွက်တော့မ ယ်လို့အိန္ဒိယအစိုးရဆိုပါတယ်။

အဲဒါကြောင့်အာဏာသိမ်းစစ်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပု ဏ္ဏားကျွန်း-ပလက်ဝလမ်းကြောင်းကိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ဆုံးပြုလုပ်နေတာလို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

“ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝကို လေကြောင်းတိုက်ခိုက်မှုအများဆုံး လုပ်နေတာကိုသတိထားမိပါတယ်။ သေချာစစ်ကြည့်ရင် ကုလားတန်စီမံ ကိန်းလမ်းကြောင်းဖြစ်နေပါတယ်။ ဒီမံကိန်းကဒီနှစ်ထဲမှာအပြီးသတ်မှာဆိုတော့လမ်းကြောင်းရှင်းနေတာလို့မြင်မိပါတယ်။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုကာကွယ်ပေးတယ်။ အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားကိုစောင့်ရှော က်ပေးတယ်ဆိုတာကိုပြချင်နေတာပါ။ အကျိုးစီးပွားအခြေပြုတိုက်ခိုက်မှုတွေပါပဲ။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့ လာနေကြသူတဦးက Border News Agency ကို ​ပြောပါတယ်။

အဲဒီစီမံကိန်းဟာ အိန္ဒိယအစိုးရရဲ့အမေရိကန်ဒေါ်လာသန်းငါးရာနီးပါးရင်းနှီးမြုပ်နှံမှုဖြစ်သလိုကုန်းတွင်းပိတ်အိန္ဒိယအရှေ့ခုနှစ်ပြည်နယ်ရဲ့ပင်လယ်ထွက် ပေါက်လည်းဖြစ်ပါတယ်။

အဲဒါကြောင့် မီဇိုရမ်ပြည်နယ်၊ဇိုရမ်ပူမှချင်းပြည်၊ပလက်ဝမြို့ထိ အဝေးပြေးလမ်းမကြီးကို မီဇိုရမ်အစိုးရနဲ့အာရက္ခအစိုးရပူးပေါင်းဆောင်ရွက်နေပြီးအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာမြေပြင်လုံခြုံရေးကိုအာရက္ခတပ်တော်ကယူပေးနေတယ်လို့ မီဇိုရမ်အစိုးရကဆိုပါတယ်။

ဒါပေမယ့်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့စီမံကိန်းလမ်းလျှောက်တလျှော က်ကို အာဏာသိမ်းစစ်တပ်ကလေ ကြောင်းတိုက်ခိုက်တာတွေအပြင်းအ ထန်ပြုလုပ်နေတာမို့ လမ်းတွေ၊တံတားတွေ၊အခြေခံအဆောက်အအုံတွေပျက် စီးနေပါတယ်။

အဲဒီလမ်းကြောင်းတလျှောက်ကို အာဏာသိမ်းစစ်တပ်ကတိုက်လေယာဥ်တွေ အများအပြားအသုံးပြုပြီး တပြိုင်တည်းဗုံးအလုံးရေအများအပြားသုံးလေကြောင်းတိုက်ခိုက်တာတွေ ပိုမိုပြု လုပ်နေတာမို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရတာတွေလည်း များနေပါတယ်။

PrevPrevious​အီရန်ပိတ်ဆို့မှုကိုသင်္ဘော ၂၉ စီးကျော်ဖြတ်နိုင်တာမရှိဘူးလို့ အမေရိကန်ဆို
Nextမူးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

​အီရန်ပိတ်ဆို့မှုကိုသင်္ဘော ၂၉ စီးကျော်ဖြတ်နိုင်တာမရှိဘူးလို့ အမေရိကန်ဆို

Next Post

မူးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ မင်းအောင်လှိုင်ဆီသားဖြစ်သူစာပေးပို့တောင်းဆို

September 22, 2026
​ဓာတ်ပုံ - One Nation News

မြောက်ဦးမှာ သက္ကမလူမျိုးတွေကို အာရက္ခအစိုးရကျန်းမာရေးစောင့်ရှောက်မှုပေး

September 22, 2026

မီဇိုရမ်မှာမူးယစ်ဆေးတွေနဲ့ အမျိုးသားတဦးဖမ်းခံရ

September 22, 2026

မရာနယ်မြေ စစ်မှုထမ်းအက်ဥပဒေကြမ်းအပါအဝင် အဆို ဆယ့်ခုနှစ်ခုကို ဆွေးနွေးအတည်ပြု

September 22, 2026

မီဇိုရမ်မှာမူးယစ်ဆေးတွေနဲ့ အမျိုးသားတဦးဖမ်းခံရ

မရာနယ်မြေ စစ်မှုထမ်းအက်ဥပဒေကြမ်းအပါအဝင် အဆို ဆယ့်ခုနှစ်ခုကို ဆွေးနွေးအတည်ပြု

စမ်းချောင်းမှာကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ဓားထိုးသူတွေဖမ်းမိ

Sattahip ကမ်းလွန်မှာ မြန်မာတွေပါတဲ့ငါးဖမ်းလှေနစ်မြုပ်လို့ သုံးဦးသေဆုံး

ချင်းမိုင်အမျိုးသားဥယျာဥ်မှာ ရှားပါးရေညှိပင်နင်းမိတဲ့ မြန်မာနှစ်ဦးဒဏ်ရိုက်ခံရ (ဓာတ်ပုံသတင်း)

ကလေးမှာမီးလောင်လို့ အမျိုးသမီးသုံးဦးသေဆုံး (ဓာတ်ပုံသတင်း)

Releated Post

မီဇိုရမ်မှာမူးယစ်ဆေးတွေနဲ့ အမျိုးသားတဦးဖမ်းခံရ

September 22, 2026

မရာနယ်မြေ စစ်မှုထမ်းအက်ဥပဒေကြမ်းအပါအဝင် အဆို ဆယ့်ခုနှစ်ခုကို ဆွေးနွေးအတည်ပြု

September 22, 2026

စမ်းချောင်းမှာကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ဓားထိုးသူတွေဖမ်းမိ

September 22, 2026

Sattahip ကမ်းလွန်မှာ မြန်မာတွေပါတဲ့ငါးဖမ်းလှေနစ်မြုပ်လို့ သုံးဦးသေဆုံး

September 22, 2026
​ကိုးကား/ဓာတ်ပုံ- Thai PBS World

ချင်းမိုင်အမျိုးသားဥယျာဥ်မှာ ရှားပါးရေညှိပင်နင်းမိတဲ့ မြန်မာနှစ်ဦးဒဏ်ရိုက်ခံရ (ဓာတ်ပုံသတင်း)

September 22, 2026
​ဓာတ်ပုံ - MFSD

ကလေးမှာမီးလောင်လို့ အမျိုးသမီးသုံးဦးသေဆုံး (ဓာတ်ပုံသတင်း)

September 22, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page