Border News Agency
အမေရိကန်၊ မတ် ၁၀။
အီရန်နဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း တာဝန်ထမ်းဆောင်ရင်းသေဆုံးသွားခဲ့တဲ့ အမေရိကန်တပ်ကြပ်ကြီးဘင်ဂျမင် ပန်နင်တန် ရဲ့ ရုပ်အလောင်း ပြန်လည်ရောက်ရှိလာတဲ့ အခမ်းအနားကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။
အဲဒီဂုဏ်ပြုပွဲ အခမ်းအနားကိုဒုသမ္မတနဲ့အတူစစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်နဲ့လေတပ်ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့လည်း တက်ရောက်ပြီး သေဆုံးသူရဲ့မိသားစုနဲ့အတူ ရုပ်အလောင်းကို လက်ခံရယူခဲ့ကြပါတယ်။
တပ်ကြပ်ကြီး ပန်နင်တန်ဟာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ဆော်ဒီအာရေးဗီးယားမှာရှိတဲ့ အခြေစိုက်စခန်း ဒုံးကျည်နဲ့ တိုက်ခိုယက်ခံရစဉ်အတွင်း ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး မတ်လ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့တာပါ။
သူဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း သေဆုံးရတဲ့ ၇ ဦးမြောက် အမေရိကန်တပ်ဖွဲ့ဝင်လည်း ဖြစ်ပါတယ်။













