Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

​Border News Agency
အမေရိကန်၊ မတ် ၁၃။

​ပင်လယ်နီမြောက်ပိုင်းမှာ စစ်ဆင်ရေးဝင်နေတဲ့ အမေရိကန်ရဲ့အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မတ်လ ၁၂ ရက်၊မနေ့ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ U.S. Naval Institute က ထုတ်ပြန်ပါတယ်။

အဲဒီ မီးဟာ သင်္ဘောရဲ့အဝတ်လျှော်ခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သင်္ဘောသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

​ဒီမီးလောင်မှုဟာ တိုက်ပွဲကြောင့်ဖြစ်တာမဟုတ်ဘဲ မတော်တဆဖြစ်ပွားခဲ့တာလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း အတည်ပြုပါတယ်။

သင်္ဘောရဲ့ အဓိကစက်ပိုင်းဆိုင်ရာတွေ ထိခိုက်မှုမရှိသလို လေယာဉ်တင်သင်္ဘောကြီးဟာလည်း ပုံမှန်အတိုင်းဆက်လက်စစ်ဆင်ရေးဝင်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဲဒီ ဒဏ်ရာရတဲ့ သင်္ဘောသား ၂ ဦးကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးကုသမှု ခံယူနေရတယ်လို့ဆိုပါတယ်။

​USS Gerald R. Ford ဟာ အီရန်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန်-အစ္စရေးရဲ့ “Operation Epic Fury” စစ်ဆင်ရေးမှာ ပါဝင်နေတာပါ။

ဒီသင်္ဘောကြီးဟာ ပြီးခဲ့တဲ့အပတ်ကမှ ဆူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး ဆော်ဒီအာရေဗျကမ်းလွန်ပင်လယ်ပြင်ထဲမှာ အ
စောင့်သင်္ဘော ၃ စီးနဲ့အတူ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

​ဒီလေယာဉ်တင်သင်္ဘောဟာ ၂၀၂၅ ခုနှစ် ဇွန်လကတည်းက တပ်ဖြန့်ထားတာဖြစ်ပြီး အီရန်နဲ့ စစ်ပွဲစတင်ကတည်းက တာဝန်ထမ်းဆောင်ချိန်ကို အကြိမ်ကြိမ် တိုးမြှင့်ခံထားရတာပါ။

အကယ်လို့ အခု ဧပြီလလယ်အထိသာ ဆက်ပြီး တာဝန်ယူရမယ်ဆိုရင်ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်လေယာဉ်တင်သင်္ဘောတွေထဲမှာတာဝန်ထမ်းဆောင်ချိန် အကြာမြင့်ဆုံး စံချိန်သစ် တင်သွားမှာ ဖြစ်ပါတယ်။

​လက်ရှိမှာတော့ သင်္ဘောပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပျက်စီးမှုတွေကို ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေက စစ်ဆေးနေကြပါတယ်။

အမေရိကန် စစ်သင်္ဘောအုပ်စုဟာ ဒေသတွင်း တင်းမာမှုတွေကြားမှာ စစ်အင်အားပြသဖို့အတွက် အရှေ့အလယ်ပိုင်းမှာ ဆက်လက်တပ်ဖြန့်ထားဆဲ ဖြစ်ပါတယ်။

PrevPreviousPDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်
Next​ဒါးလက်ချောင်းစစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဆရာဝန် ၂ ဦးသေဆုံးNext
Previous Post

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

Next Post

​ဒါးလက်ချောင်းစစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဆရာဝန် ၂ ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - KNU

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

March 15, 2026
Photo - FARS NEWS

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026
​Photo - TNLA

​ကွတ်ခိုင်ရှိ TNLA စခန်းတွေကို MNDAA က ဒရုန်းနဲ့တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုဖမ်းဆီးဟုဆို

March 15, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

စစ်အုပ်စုထံ လက်နက်နဲ့လေယာဉ်ဆီစီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

March 15, 2026

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

​ကွတ်ခိုင်ရှိ TNLA စခန်းတွေကို MNDAA က ဒရုန်းနဲ့တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုဖမ်းဆီးဟုဆို

စစ်အုပ်စုထံ လက်နက်နဲ့လေယာဉ်ဆီစီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

မဟာမိတ်ချင်း တိုက်ခိုက်နေပေမယ့် ထိပ်တိုက်မတွေ့ဘဲ ဆွေးနွေးဖြေရှင်းမယ်လို့ TNLA ဆို

Releated Post

​ဓာတ်ပုံ - KNU

လယ်ဒိုနဲ့ ဆောထိမှာစစ်ကော်မရှင်တပ် ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံး

March 15, 2026
Photo - FARS NEWS

​အီရန်ရှိကလေးနို့မှုန့်နဲ့ ဆေးဝါးသိုလှောင်ရုံတွေကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026
​Photo - TNLA

​ကွတ်ခိုင်ရှိ TNLA စခန်းတွေကို MNDAA က ဒရုန်းနဲ့တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုဖမ်းဆီးဟုဆို

March 15, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

စစ်အုပ်စုထံ လက်နက်နဲ့လေယာဉ်ဆီစီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

March 15, 2026

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

March 15, 2026
Photo - TNLA

မဟာမိတ်ချင်း တိုက်ခိုက်နေပေမယ့် ထိပ်တိုက်မတွေ့ဘဲ ဆွေးနွေးဖြေရှင်းမယ်လို့ TNLA ဆို

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page