Border News Agency
ရွှေဘို၊ မေ ၁။
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ရွှေဘိုအမျိုးသမီးသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို အမျိုးသမီးမဟာမိတ်အင်အားစု (WAB) နဲ့ ပူးပေါင်းပြီး အလုပ်သမားထုအင်အားနဲ့ အာဏာရှင်ကို အမြစ်ဖြတ်ကြ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ နယ်မြေဒေသတခုမှာ ပြုလုပ်ခဲ့ကြတာပါ။
အမျိုးသမီးသပိတ်ခေါင်းဆောင်တွေကတော့ အလုပ်သမားထုရဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် စစ်အာဏာရှင်စနစ် ကျဆုံးဖို့ လိုအပ်ကြောင်းနဲ့ဒီတိုက်ပွဲမှာ အလုပ်သမား၊ လယ်သမားထုတရပ်လုံး အတူတကွ ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။












