Border News Agency
ထိုင်း၊ မတ် ၁၉။
ထိုင်းနိုင်ငံရဲ့ ၃၂ ဆက်မြောက် ဝန်ကြီးချုပ်အဖြစ် ဘူမ်ဂျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်း ချန်ဝီရကူးလ်ကို ဒုတိယအကြိမ်မြောက်ထပ်မံရွေးချယ်လိုက်တယ်လို့ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
မတ်လ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အထူးအစည်းအဝေးမှာ အနုထင်းက ထောက်ခံမဲ ၂၉၃ မဲနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။
သူနဲ့ယှဉ်ပြိုင်တဲ့ နတ်သဖုန်း ကတော့ ၁၁၉ မဲပဲ ရရှိခဲ့ပါတယ်။
အနုထင်းက မိန့်ခွန်းပြောကြားရာမှာ ပါတီမရွေး အမတ်အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အားလုံးရဲ့ဝေဖန်အကြံပြုချက်တွေကို နားထောင်ကာ နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အစိုးရအဖွဲ့ကို လက်တွေ့ကျကျ ဦးဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အဲဒီအပြင် မတ်လ ၁၄ ရက်နေ့က ဘုရင်မင်းမြတ်မိန့်ကြားခဲ့တဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာပြီး တိုင်းပြည်တိုး
တက်အောင် လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။
အရင်သက်တမ်းမှာ လူနည်းစုအစိုးရအဖြစ် တာဝန်ယူခဲ့ပေမယ့်လည်း နိုင်ငံကို အဆင်ပြေပြေ ရှေ့ဆက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ အနုထင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။






