Border News Agency
အမေရိကန်၊ဧပြီ ၁၄။
အီရန်နဲ့ဆွေးနွေးမှုတွေမှာ တိုးတက်မှုအများကြီးရှိနေတယ်လို့ အမေရိကန်ဒုသမ္မတဂျေဒီဗန့်စ်က Fox News နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
အဲဒီအပြင် နောက်ထပ်ဆွေးနွေးပွဲတွေဖြစ်လာဖို့ကတော့ အီရန်ဘက်က ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်တယ်လို့ သူကဆိုပါတယ်။
အဲဒီဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပေးရေးနဲ့ပတ်သက်လို့ အီရန်ဘက်ကတိုးတက်အောင်လုပ်ဆောင်လာဖို့ အမေရိကန်က မျှော်လင့်နေပါတယ်။
တကယ်လို့ အီရန်ဘက်က လိုက်လျောမှုမရှိရင် ဆွေးနွေးပွဲလမ်းကြောင်းပြောင်းသွားနိုင်တယ်လို့လည်း ဗန့်စ်ကသတိပေးထားပါတယ်။
တဖက်မှာလည်း အမေရိကန်ဟာ အီရန်ဆိပ်ကမ်းတွေကို စတင်ပိတ်ဆို့နေပေမယ့် ဆွေးနွေးပွဲတွေအပေါ် မျှော်လင့်ချက်ရှိနေတာကြောင့် ရေနံဈေးကတော့ အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။
ယူကရိန်းဘက်မှာတော့ ရုရှားဒရုန်းတွေက အိုဒက်ဆာဒေသက အစ်ဇ်မေးလ်ဆိပ်ကမ်းကို ညတွင်းချင်းတိုက်ခိုက်ခဲ့လို့ ပနားမားအလံတင် သင်္ဘောတစီးထိခိုက်ပျက်စီးသွားတယ်လို့ ယူကရိန်းဒုဝန်ကြီးချုပ်က ထုတ်ပြန်ထားပါတယ်။






