Border News Agency
မြောက်ဦး၊ ဧပြီ ၁၉။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို ဧပြီလ ၁၉ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သံဃာတော်သုံးပါးအပါအဝင်တဆယ့်သုံးဦးဒဏ်ရာရသွားပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာအနီးကို ဧပြီလ ၁၉ ရက်၊ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်ကတကြိမ်၊ နေ့လည် ၁၂ နာရီ ၃၅ မိနစ်အချိန်ကတကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့သံ ဃာတော်သုံးပါး၊အမျိုးသမီးနှစ်ဦး၊အ မျိုးသားရှစ်ဦးအပါအဝင်စုစုပေါင်းတဆယ့်သုံးဦးဒဏ်ရာရသွားတာပါ။
အဲဒီအပြင်ဘုန်းကြီးကျောင်း၊ သိမ်းအပါအဝင်နေအိမ်တချို့ပျက်စီးသွားခဲ့သလို နွားငါးကောင်သေဆုံးပြီးတကောင်ဒဏ်ရာရသွားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲဖြစ်လာပြီးနောက်မှာ အစုလိုက်အပြုံလိုက်လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လာတာဖြစ်ပါတယ်။
အဲဒီလိုလေယာဥ်အများအပြားတပြိုင်တည်းဗုံးအလုံးရေအများအပြားပစ်ခ တ်တိုက်ခိုက်နေတာမို့သေဆုံးဒဏ်ရာရပျက်စီးမှုတွေလည်း ပိုမိုများလားနေပါတယ်။
















