Border News Agency
မလေးရှား၊ ဇွန် ၄။
ထိုင်း – မလေးနယ်စပ် Bukit Kayu Hitam ဘက်ကနေ မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
သူတို့ကို ကဒါး (Kedah) ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Imigresen) က ဇွန်လ ၄ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အခုဖမ်းဆီးရမိမှုဟာ ကြိုတင်ရရှိထားတဲ့ သတင်းအချက်အလက်အရ စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်ပြီး Jitra တိုးဂိတ် (Jitra Tol) မှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇ ဦးစလုံးကို Alor Setar မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးချုပ်ကို ပို့ဆောင်ထားပါတယ်။
အဲဒီရုံးချုပ်မှာပဲ သူတို့ကို လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်ပြုလုပ်ဖို့အတွက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။






