Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

မြေယာဆိုင်ရာနိုင်ငံတကာစံနှုန်းချိုးဖောက်မှုနဲ့စစ်ရာဇဝတ်မှုတွေ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၄။

အစိုးရမဟုတ်သေးတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း လိုက်နာရမယ့်မြေယာဆိုင်ရာနိုင်ငံတကာစံနှုန်းတွေရှိပါတယ်။

အဲဒီစံနှုန်းတွေကို ၂၀၁၉ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ကုလသမဂ္ဂနဲ့မြေယာပဋိပက္ခဆိုင်ရာလမ်းညွှန်ချက် GUIDANCE NOTE OF THE SECRETARY-GENERAL (The United Nations and Land and Conflict)ရဲ့ စာမျက်နှာ ၁၀ နဲ့ ၁၁ မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ နေရပ်စွန့်ခွာသူတွေရဲ့မြေယာအခွင့်အရေးကို လေးစားရပါမယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေက နေရပ်စွန့်ခွာသူတွေအတွက် မြေယာဆိုင်ရာတရားမျှတမှုတောင်းဆိုခွင့်ကို လေးစားရပါမယ်။

ပြီးရင်လက်နက်ကိုင်တပ်ဖွဲတွေဟာ နိုင်ငံတကာစံနှုန်းတွေက သွယ်ဖယ်နေတဲ့ဥပဒေတွေ၊လုပ်ကိုင်ဆောင်ရွက်နေတဲ့ပုံစံတွေကိုလည်း ပြန်လည်သုံးသပ်ပြီး ဒီလိုလုပ်ရပ်တွေကြောင့်ဖြစ်ပေါ်လာမယ့် ပြည်သူလူထုအခွင့်အရေးဆုံးရှုံးမှုတွေကို တားဆီးပေးရပါမယ်။

တကယ်လို့ နယ်​မြေလွတ်လပ်သွားတဲ့အခါမှာ ဒေသဆိုင်ရာမြေယာအချက် အလက်တွေကို မြန်နိုင်သမျှမြန်မြန် ကောက်ယူဖို့လည်း တာဝန်ရှိပါတယ်။

ကိုယ့်ထိန်းချုပ်နယ်မြေတွေရှိမှတ်ပုံတင်ထားတဲ့ပြည်သူလူထုပိုင်ဆိုင်မှုတွေကိုလည်း အလွှဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာအိပ်ထဲမထည့်နိုင်အောင် လက်ပြော င်းလက်လွှဲရောင်းဝယ်မှုတွေကိုလည်း ထိန်းချုပ်ထားပေးရမှာပါ။

အလွှဲသုံးစားမဟုတ်တဲ့တရားမျှတကျိုးကြောင်းဆီလျှော်တဲ့ ပြည်သူလူထုရောင်းဝယ်မှုတွေအတွက်ဆိုရင်တော့ အဲဒီရောင်းဝယ်မှုကို ထိန်းချုပ်စရာမလိုပါဘူး။

နောက်ပြီး ကိုယ်ထိန်းချုပ်နေရာတွေမှာ လုံလောက်တဲ့လုပ်ထုံးလုပ်နည်းဥပဒေတွေရှိနေရမှာဖြစ်ပြီး နယ်မြေသို့ပြန် လာသူတွေအတွက် သူတို့မြေယာအခွင့်အရေးတွေကို အထောက်အပံ့ပြုမယ့် ယန္တရားလုပ်ငန်းစဉ်တွေလည်း ရှိနေရမှာပါ။

ပလပ်ခံရသလိုဖြစ်နေတဲ့၊ပလပ်မြေလို့ ထင်စရာရှိနေတဲ့မြေတွေဟာ သွေးရိုးသားရိုးပလပ်ခံရခြင်းမဟုတ်ဘဲ စစ်ပွဲ၊ ပဋိပက္ခကြောင့်ဖြစ်လာတဲ့ပလပ်မြေ (Forcibly Abandoned Lands)တွေ ဖြစ်ပြီး အဲဒီမြေတွေရဲ့သက်သေအထော က်အထားဆိုင်ရာစံနှုန်းတွေကိုလည်း ပြဋ္ဌာန်းပေးနိုင်ရမှာပါ။

လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကိုယ်ထိန်းချုပ်နေရာတွေက ပြည်တွင်းနေရပ်စွန့်ခွာသူတွေနဲ့ ဒုက္ခသည်အရေးတွေမှာ မြေယာကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရပါမယ်။

ဘယ်လိုထည့်သွင်းစဉ်းစားရမလဲဆိုရင် သူတို့ရဲ့မူရင်းနေရပ်က မြေယာပိုင်ဆိုင်မှုကို အာမခံချက်ပေးနိုင်ဖို့ လက်ရှိခိုလှုံနေတဲ့နေရာကြောင့် အဲဒီနေရာမှာ မူရင်းဒေသခံတွေနဲ့မြေယာပဋိပက္ခတွေ၊ရေနဲ့ တခြားသယံဇာတသုံးစွဲမှုတွေမှာ ပြဿနာထပ်မဖြစ်စေဖို့အတွက် စဉ်းစားရမှာပါ။

ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ဒုက္ခသည်တွေရဲ့ဖြစ်တည်ရာအခြေအနေကိုလိုက်ပြီး ဘယ်အချိန်မှာ ဘယ်ရလဒ်ထိ ရောက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့အချိန်ကာလသတ်မှတ်ချက်ပါတဲ့လုပ်ငန်းမူဘောင်တွေရှိရပါမယ်။

တပြည်လုံးအဆင့်မြေနဲ့ဆက်စပ်တဲ့အခွင့်အရေးတွေကို ပြန်လည်ဖော်ဆောင်ပေးဖို့ ဥပဒေ၊မူဝါဒ၊လုပ်ထုံးလုပ်နည်းတွေ ခိုင်ခိုင်မာမာချမှတ်ရပါမယ်။

မြေယာလျှော်ကြေး၊နစ်နာကြေးတွေနဲ့ပတ်သက်ပြီး ဒေသကာလတန်ဖိုးနဲ့ လျှော်ကြေးတွက်ချက်မှုမှာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာအလေးထားပေးရပါမယ်။

ပလပ်မြေတွေကို ဥပဒေမဲ့သိမ်းယူထားခွင့်နဲ့အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အ စီအမံတွေရှိရပါမယ်။

နေရာပြောင်းရွေ့ရခြင်းနဲ့ပတ်သက်ပြီး မြေယာစီမံခန့်ခွဲမှုမှာလက်ငင်းဆောင်ရွက်နိုင်တဲ့အစီအစဉ်တွေရှိရပါမယ်။

မြေယာအခွင့်အရေးအတွက် တရားမျှတမှုကို တောင်းဆိုနိုင်တဲ့တရားစီရင်ရေးယန္တရားတွေ ရှိရပါမယ်။

မြေယာအခွင့်အရေးကိုပြန်လည်ရရှိဖို့ အထောက်အကူဖြစ်စေတဲဥပဒကြောင်းအရတရားဝင်တဲ့မြေယာမှတ်ပုံတင်အချက်အလက်ထုတ်ပေးတဲ့ယန္တရားတွေကြားမှာ ပေါင်းစပ်ဆောင်ရွက်နိုင်တဲ့အစီအမံတွေရှိရပါမယ်။

နေရပ်စွန့်ခွာအမျိုးသမီးတွေအတွက် မြေယာအထောက်အထားတွေပေးနိုင်တဲ့အစီအမံတွေရှိရပါမယ်။

ရခိုင်ဒေသရဲ့ရှေ့ဆက်လာမယ့်မြေယာပြဿနာ

ရခိုင်မှာဆိုရင် နေရပ်စွန့်ခွာနေကြရသူတွေရဲ့မြေနေရာတွေမှာ တခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးဟာ နောင်အနာဂတ်မှာ ရှင်းရခက်တဲ့ပြဿနာတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။

တိုက်ပွဲကြောင့်စွန့်ခွာခဲ့ရတဲ့မြေ၊အိုးအိမ်၊ရပ်ရွာစတဲ့ပြည်သူလူထုရဲ့ပိုင်ဆိုင်မှုတွေ လက်ရှိမှာလူမရှိသူမရှိ ပလပ်မြေဖြစ်နေရင်တောင် ကာကွယ်စောင့်ရှောက်ရမှာဖြစ်သလို အလွှဲသုံးစားသိမ်းပိုက်မှုတွေမရှိအောင် ဆောင်ရွက်ရမှာပါ။

ပလပ်ခံရသလိုဖြစ်နေတဲ့ပလပ်မြေလို့ ထင်စရာရှိနေတဲ့မြေတွေဟာ သွေးရိုး သားရိုးပလပ်ခံရတာမဟုတ်ဘဲ လက်န က်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ပလပ်မြေ(Forcibly Abandoned Lands)တွေဖြစ်ပြီး အဲဒီမြေတွေရဲ့သ က်သေအထောက်အထားဆိုင်ရာစံနှုန်းတွေကိုလည်း ပြဋ္ဌာန်းပေးနိုင်ရမှာပါ။

အဲဒီမြေတွေရဲ့နဂိုပိုင်ရှင်တွေ၊စွန့်ခွာရမှုတွေနဲ့ပတ်သက်လို့ ဘယ်လိုသက်သေ အထောက်အထားမျိုးကို သတ်မှတ်မယ်၊ပြုလုပ်မယ်၊အတည်ပြုမယ်စတဲ့စံနှုန်းတွေရှိရပါမယ်။

အဲဒီမြေနေရာတွေမှာ တခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးလိုနေရာဒေသရဲ့လူမျိုးရေးဆိုင်ရာပိုင် ဆိုင်မှုတွေကို အပြောင်းအလဲမဖြစ်သွားအောင်လည်းဂရုစိုက်ဖို့လိုပါတယ်။

နိုင်ငံရေးရည်ရွယ်ချက်၊အကျိုးစီးပွား ရည်ရွယ်ချက်တွေနဲ့ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ဒုက္ခသည်တွေရဲ့လက်ရှိ ခိုလုံနေထိုင်မှုကို ဖျက်ခိုင်းပြီး တခြားနေရာတွေကို ရွေ့ပြောင်းတာလိုမျိုး နိုင် ငံရေးရည်ရွယ်ချက်၊အကျိုးစီးပွားရည် ရွယ်ချက်တွေနဲ့ဆောင်ရွက်မှုတွေကိုလ ည်း ရေရှည်အမြင်နဲ့တားဆီးဖို့လိုပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်မှုကို လေးစားရမှာဖြစ်သလို နေရပ်မပြန်နိုင်သေးချိန်မှာ ခိုလုံနေထိုင်ခွင့်ကို အရေးထားဖို့လိုပါတယ်။

ခိုလုံနေတဲပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ဒုက္ခသည်တွေကို လက်ရှိခိုလုံနေ ထိုင်ရာနေရာက ဖယ်ခိုင်းရွေ့ခိုင်းရင်လ ည်း နောက်အနာဂတ်မှာ ပဋိပက္ခမဖြစ်စေတဲ့နေရာချထားမှုမျိုးဖြစ်ဖို့လည်း လိုပါတယ်။

အဲဒီခိုလှုံရာနေရာကို ရွေ့ပြောင်းကြရတဲ့အခါမှာလည်း လူမှုရေးဆိုင်ရာ၊နစ်နာမှုဆိုင်ရာအထောက်အပံ့တွေ ပေးဖို့လည်း လိုပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်၊အကျိုးစီးပွားရည်ရွယ်ချက်တွေကိုသာ ရှေ့တန်းတင်နေရင်တော့ အကျိုးအမြတ်ကို လူတစုက ခံစားနေရပြီး သာမန်လူထုအတွက်တော့ ဆင်းရဲကျပ်တည်းမှုနဲ့အတူ ပဋိပက္ခသံသာရာဆုံးမှာ မဟုတ်တော့ပါဘူး။

ရခိုင်ဒေသဟာ နိုင်ငံတကာတရားရုံး (ICJ)ရဲ့ စီရင်ဆုံးဖြတ်မှုအောက်ကျရော က်နေတဲ့ဒေသလည်းဖြစ်ပါတယ်။

လူတွေကို သူတို့နေထိုင်ရာမြေနေရာကဖယ်ရှားနေမှုတွေဟာ ဂျီနိုဆိုက်ထိရောက်သွားနိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC)ရဲ့ရောမစာချုပ်(Rome Statute) အရမြေနဲ့ဆိုင်တဲ့ရာဇဝတ်မှုတွေကိုဖော်ပြထားတာတွေလည်းရှိပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု(Crimes Against Humanity) အဖြစ်သတ်မှတ်နိုင်တဲ့အမှုတွေ

၁ – ICC ပဋိညာဉ်ပုဒ်မ ၇ (၁) (ဃ) [Article 7 (1) (d)]

အတင်းအဓမ္မနေရာရွေ့ပြောင်းမှု (Deportation or forcible transfer of population)အရ”နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့အကြောင်းပြချက်မရှိဘဲလူပုဂ္ဂိုလ်တွေကို သူတို့ တရားဝင်နေထို င်ရာဒေသက အတင်းအဓမ္မမောင်းထု တ်တာ သို့မဟုတ် တခြားနေရာသို့ ရွှေ့ ပြောင်းစေမှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပါတယ် ။

၂ – ICC ပဋိညာဉ် ပုဒ်မ ၇ (၁) (င) [Article 7 (1) (e)] ပြင်းထန်စွာ လွတ်လပ်ခွင့် ကန့်သတ်မှု/ဖမ်းဆီးချုပ်နှောင်မှု (Imprisonment or other severe deprivation of physical liberty)

နိုင်ငံတကာဥပဒေရဲ့အခြေခံစည်းမျဉ်းတွေကိုချိုးဖောက်ပြီး လူပုဂ္ဂိုလ်တဦးချင်းစီရဲ့သွားလာလှုပ်ရှားခွင့်နဲ့ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေကို ပြင်းပြင်း ထန်ထန်ပိတ်ပင်ကန့်သတ်တာ၊အကျဉ်း ချတာ သို့မဟုတ် တရားမဝင်ဖမ်းဆီးချုပ်နှောင်တာဟာလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါပဲ။

အဲဒီအချက်ထဲမှာ ဒီမြေဒီနေရာကလွှဲပြီး တခြားနေရာကို မသွားရဘူးဆိုတဲ့ပြင်းထန်တဲ့အစုလိုက်အပြုံလိုက်ပိတ်ပင်ချက်လည်း ပါပါတယ်။

စစ်ရာဇဝတ်မှု(War Crimes)အဖြစ် သတ်မှတ်နိုင်တဲ့ပုဒ်မတွေ

ICC ပဋိညာဉ်ပုဒ်မ ၈ အောက်မှာ အတင်းအဓမ္မနေရာရွှေ့ပြောင်းမှုနဲ့သွားလာမှုကန့်သတ်တာတွေကို စစ်ပွဲကာလ(လက်နက်ကိုင်ပဋိပက္ခ)အတွင်း ကျူးလွန်ရင် စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားပါတယ်။

၁ – ICC ပဋိညာဉ်ပုဒ်မ ၈ (၂) (က) (၇) [Article 8 (2) (a) (vii)]အရနိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခများ (International Armed Conflicts)တွေထဲမှာ ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions)အရ အကာအကွယ်ပေးထားတဲ့ အရပ်သား သို့မဟုတ် ဖမ်းဆီးခံထားရသူတွေကို တရားမဝင်ပြည်နှင်ဒဏ်ပေးတာ၊နေရာရွှေ့ပြောင်းတာ သို့မဟုတ် တရားမဝင်ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာစတဲ့လုပ်ရပ်တွေဟာ စစ်ရာ ဇဝတ်မှုမြောက်ပါတယ်။

၂ – ICCပဋိညာဉ်ပုဒ်မ ၈ (၂) (ဘ) (၈) [Article 8 (2) (b) (viii)]အရ သိမ်းပိုက်ထားတဲ့နယ်မြေက ဒေသခံပြည်သူတွေကို တစိတ်တပိုင်းဖြစ်စေ၊အားလုံးဖြစ်စေ အတင်းအဓမ္မပြည်နှင်ဒဏ်ပေးတာသို့မဟုတ် နယ်မြေရွှေ့ပြောင်းစေတာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။

နိုင်ငံတွင်းလက်နက်ကိုင်ပဋိပက္ခတွေ(Non-International Armed Conflicts) တွေဖြစ်တဲ့ပြည်တွင်းစစ် သို့မဟုတ် အစိုးရတပ်နဲ့တိုင်းရင်းသား/တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ပဋိပက္ခတွေအတွင်း မြေနဲ့သက်ဆိုင်တဲ့စစ်ရာဇဝတ်မှုတွေရှိပါတယ်။

၃ – ICC ပဋိညာဉ်ပုဒ်မ ၈ (၂) (စ) (၈) [Article 8 (2) (e) (viii)]အရ ပြည်တွင်းစစ်ထဲမှာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ပြည်သူ လူထုရဲ့လုံခြုံရေး သို့မဟုတ် မလွှဲမရှောင်သာတဲ့စစ်ရေးအရလိုအပ်ချက်ကြောင့်မဟုတ်ဘဲ၊ပဋိပက္ခနဲ့ဆက်နွှယ်ပြီး အရပ်သားပြည်သူတွေကို သူတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မနေရာရွှေ့ပြောင်းခို င်းတာ(Ordering the displacement of the civilian population)ဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။

ICC ပုဒ်မ(၇)နဲ့ပုဒ်မ(၈)ဘာကွာသလဲ။

ပုဒ်မ ၇ ဟာ(လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု)ဖြစ်ပြီး စစ်ဖြစ်နေသည်ဖြစ်စေ၊ငြိမ်းချမ်းနေသည်ဖြစ်စေ အရပ်သားတွေကို စနစ်တကျနဲ့ကျ ယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားပြုလုပ်ရင်အကျုံးဝင်ပါတယ်။

ပုဒ်မ ၈ ဟာ(စစ်ရာဇဝတ်မှု)ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ(စစ်ပွဲ)ဖြစ်ပွားနေတဲ့ အခြေအနေနဲ့တိုက်ရိုက်ဆက်နွှယ်ပြီး စစ်ဘက်ဆိုင်ရာစည်းမျဉ်းတွေ(ဥပမာ – ဂျီနီဗာကွန်ဗင့်ရှင်း)ကို ချိုးဖောက်ကာ ပြုလုပ်ရင် အကျုံးဝင်ပါတယ်။

အထက်ပါပုဒ်မတွေနဲ့ ICC က အရေးယူနိုင်ဖို့အတွက် သာမန်ရာဇဝတ်မှုအဆင့်မျိုး မဟုတ်ဘဲ အရပ်သားပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ သို့ မဟုတ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှု(Widespread or systematic attack)ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ကျူးလွန်ခဲ့တာဖြစ်ဖို့ လိုအပ်ပါတယ်။

ဥပမာ – နယ်မြေထိန်းချုပ်ထားသူတွေက နိုင်ငံရေးအကျိုးစီးပွားတွေအတွက် လူတွေကို နေရာဖယ်ပေးခိုင်းတာမျိုးဟာ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်မှုမြောက်ပါတယ်။

PrevPreviousကနေဒါအစိုးရနဲ့SCEF အဖွဲ့ မြန်မာ့အရေး ဆွေးနွေး (ဓာတ်ပုံသတင်း)
Nextဒိုင်းနက်လူမျိုး ကိုးဆယ့်နှစ်ဦးကို ပြန်လွှတ်ပေးလို့ ဒိုင်းနက်အဖွဲ့တွေ ကျေးဇူးတင်Next
Previous Post

ကနေဒါအစိုးရနဲ့SCEF အဖွဲ့ မြန်မာ့အရေး ဆွေးနွေး (ဓာတ်ပုံသတင်း)

Next Post

ဒိုင်းနက်လူမျိုး ကိုးဆယ့်နှစ်ဦးကို ပြန်လွှတ်ပေးလို့ ဒိုင်းနက်အဖွဲ့တွေ ကျေးဇူးတင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၀

June 4, 2026
​ဓာတ်ပုံ - NUG

ကနေဒါအစိုးရနဲ့SCEF အဖွဲ့ မြန်မာ့အရေး ဆွေးနွေး (ဓာတ်ပုံသတင်း)

June 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အိန္ဒိယခရီးစဉ် အောင်မြင်တယ်လို့ သမ္မတတု ပြော

June 4, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

အင်္ဂလန်မှာ ဗြိတိန်ရေတပ် ရဟတ်ယာဉ်တစီး ပျက်ကျလို့ ရေတပ်သား ၃ ဦး သေဆုံး

June 4, 2026

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၀

မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ဓားဖြင့်ထိုးခံရလို့ မဏိပူရရဲတပ်ဖွဲ့ဝင်တဦး ကျဆုံး

မလေးရှားမှာ တရားမဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ

မကွေးတိုင်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၃၁ သေဆုံး

ဒိုင်းနက်လူမျိုး ကိုးဆယ့်နှစ်ဦးကို ပြန်လွှတ်ပေးလို့ ဒိုင်းနက်အဖွဲ့တွေ ကျေးဇူးတင်

မြေယာဆိုင်ရာနိုင်ငံတကာစံနှုန်းချိုးဖောက်မှုနဲ့စစ်ရာဇဝတ်မှုတွေ

Releated Post

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၁၀

June 4, 2026
ဓာတ်ပုံ - Manipur Police

မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ဓားဖြင့်ထိုးခံရလို့ မဏိပူရရဲတပ်ဖွဲ့ဝင်တဦး ကျဆုံး

June 4, 2026

မလေးရှားမှာ တရားမဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ

June 4, 2026

မကွေးတိုင်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၃၁ သေဆုံး

June 4, 2026

ဒိုင်းနက်လူမျိုး ကိုးဆယ့်နှစ်ဦးကို ပြန်လွှတ်ပေးလို့ ဒိုင်းနက်အဖွဲ့တွေ ကျေးဇူးတင်

June 4, 2026

မြေယာဆိုင်ရာနိုင်ငံတကာစံနှုန်းချိုးဖောက်မှုနဲ့စစ်ရာဇဝတ်မှုတွေ

June 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page