Border News Agency
မြောက်ဦး၊အောက်တိုဘာ ၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဗဟိုအကောက်အခွန်နဲ့ အခွန်ဌာနကဦးဆောင်ရောင်းချတဲ့ အာရက္ခလောင်ပေါ်ရဲ့ စတုတ္တအကြိမ်မြောက်ကံစမ်းမဲဖွင့်ပွဲကိုအောက်တိုဘာလ ၁ ရက်၊ဒီနေ့မှာ ပြုလုပ်ခဲ့ရာ ဒုတိယဆု၊ တတိယဆုနဲ့စတုတ္ထဆု ပေါက်မဲနံပါတ်တွေထွက်ပေါ်လာခဲ့ပါတယ်။
စတုတ္တအကြိမ်မြောက်အာရက္ခလောင်ပေါ် ဖွင့်လှစ်ရာမှာ ဒုတိယဆု သိန်း ၇၅၀ ပေါက်မဲနံပါတ်မှာ 242658 ဖြစ်ပြီး၊တတိယဆု သိန်း ၅၀၀ ပေါက်မဲနံပါတ်မှာ 627386 နဲ့ စတုတ္ထဆု သိန်း ၄၀၀ ပေါက်မဲနံပါတ်မှာ 657052 တို့ ဖြစ်ကြပါတယ်။
အဲဒီကံစမ်းမဲဖွင့်ပွဲကို သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီကျင်းပခဲ့တာဖြစ်ပြီး ဆုမဲပေါက်သူတွေရဲ့ လောင်ပေါ်နံပါတ်တွေကိုတရားဝင် တိုက်ရိုက်ထုတ်လွှင့် ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
ဆုမဲပေါက်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ကာလအတွင်းဆုငွေများလာရောက်ထုတ်ယူနိုင်ပါတယ်။
အာရက္ခလောင်ပေါ် ရောင်းချမှုကို ဒေသတွင်းတရားမဝင်လောင်းကစားတွေလျော့နည်းစေဖို့နဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။









