Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၁။
အာရက္ခဒေသမှာရောင်းချနေတဲ့ အာရက္ခလောင်ပေါ်ရဲ့ စတုတ္တအကြိမ်မြောက်ကံစမ်းမဲဖွင့်ပွဲကို အောက်တိုဘာလ ၁ ရက်၊ ဒီနေ့မှာ ပြုလုပ်ခဲ့ရာအမြင့်ဆုံးဆုဖြစ်တဲ့ သိန်းတထောင်ဆုပေါက်မဲနံပါတ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
အာရက္ခလောင်ပေါ် စတုတ္တအကြိမ်ကံစမ်းမဲဖွင့်လှစ်ရာမှာ အမြင့်ဆုံးဆုဖြစ်တဲ့ သိန်းတထောင်ဆုကံထူးရှင်လောင်ပေါ်နံပါတ်မှာ ၃၈၃၃၂၈ ဖြစ်ပါတယ်။
အဲဒီကံစမ်းမဲအစီအစဉ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွင့်လှစ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် ဆုအမျိုးအစားတွေမှာ ကံထူးသူတွေရဲ့ လောင်ပေါ်နံပါတ်တွေကို တရားဝင်တိုက်ရိုက်ထုတ်လွှင့် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆုမဲပေါက်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေနဲ့အညီ ကာလအတွင်း ဆုငွေတွေလာရောက်ထုတ်ယူနိုင်ပါတယ်။
အာရက္ခလောင်ပေါ်ရောင်းချမှုကို ဒေသတွင်းတရားမဝင်လောင်းကစားတွေလျော့နည်းစေဖို့နဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။










