Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီးရှိ စစ်ဘေးရှောင်တွေနေထိုင်ရာ အိုးအိမ်ကို စက်တင်ဘာလ ၃၀ ရက်၊ ည ၉ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မှစစ်ဘေးရှောင်အသက်လေးနှစ်အရွယ် မောင်နေကျော်လင်းနဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် မခင်ခင်သန်းဒဏ်ရာရသွားကြတာပါ။
အဲဒီမောင်နေကျော်လင်းရဲ့ဘယ်ဘက်ခြေထောက်မှာ မှန်ကွဲစတွေထိမှန် ဒဏ်ရာရရှိပြီး မခင်ခင်သန်းမှာလည်း ဒဏ်ရာတွေရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော်က အပြင်းအထန်ခုခံနေတာမို့ အာဏာသိမ်းစစ်တပ်ဟာ ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်က တန်ပြန်ထိုးစစ်ဆင်နေတာမို့ စစ်တွေမြို့နယ်အစပ်ကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ခုခံနေရပါတယ်။















