Border News Agency
ဝီရဌာနီ၊ အောက်တိုဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့၊ ဝီရဌာနီမြို့ကို အောက်တိုဘာ ၁ ရက်၊ ဒီနေ့မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
ဝီရဌာနီမြို့ထဲကို ဒီနေ့မနက် ၁၂ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်ရဲ့ မကွေးလေတပ်တက် Y12 လေယာဉ်တစီး ၊ဂျက်ဖိုက်တာသုံးစီးနဲ့ ဒရော့ဗုံးတဆယ့်လေးလုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ငါးဆယ်လေးနှစ်အရွယ် ဒေါ်လှကျော့ယှဥ်၊ အသက်ခြောက်ဆယ်ခြောက်နှစ်အရွယ် ဒေါ်မသန်းယဥ်၊ အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်မနွယ်စိုး၊ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် မခင်ခင်ဌေးနဲ့ အသက်လေးဆယ်အရွယ် ဒေါ်မချေဒဏ်ရာရသွားခဲ့တာပါ။
အဲဒီအပြင် ဒေါ်လှကျော့ယဥ်မှာ ညာဘက်တင်ပါးမှာ ဗုံးစံထိမှန်ကာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသွားသူတွေကို ဆေးကုသမှုခံယူဖို့ပို့ဆောင်ထားပါတယ်။
စစ်တပ်ရဲ့မကွေးလေတပ်တက်၊ နေပြည်တော်လေတပ်တက်၊ မိတ္တီလာလေတပ်တက်ဂျက်ဖိုက်တာတွေနဲ့ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ဝီရဌာနီမြို့တွေကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။











