Border News Agency
သရက်ချောင်း၊ အောက်တိုဘာ ၁။
တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်အတွင်းက လူသိနည်းတဲ့ကျေးရွာအချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေပါတယ်။
သရက်ချောင်းမြို့နယ်အတွင်းက စုံဝင်ဖျား၊ သဲချောင်းကြီး၊ ကျွဲခြံ၊ အလယ်စုနဲ့ ဗျတ်ဝိသားစတဲ့ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရပြီး စားနပ်ရိက္ခာကူညီထောက်ပံ့ပေးဖို့ လိုအပ်နေတာပါ။
အဲဒီရေဘေးသင့် ကျေးရွာတွေကို ကူညီပေးလိုသူတွေအနေနဲ့အောက်ပါဒေသခံ ဆက်သွယ်ရေးပုဂ္ဂိုလ်တွေဆီ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
မေဦးရှိုင်း – ၀၉၂၅၃၄၄၆၀၇၅
ကိုကျော်လွင်ဦး – ၀၉၄၂၀၉၀၆၉၃၇
ကိုကျော်စွာ – ၀၉၄၅၆၂၁၇၁














