Border News Agency
လောင်းလုံး၊ စက်တင်ဘာ ၃၀။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်း စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး ရေကြီးမြေပြိုလို့ ထိခိုက်ပျက်စီးမှုတွေ ပြင်းထန်စွာကြုံတွေ့နေရတာကြောင့် ဘေးသင့်ပြည်သူတွေအတွက အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ရွာမှာ ရေကြီးမြေပြိုမှုကြောင့်သေဆုံးမှုတွေရှိနေပြီး ပြည်သူတွေရဲ့ အိမ်ယာပိုင်ဆိုင်မှုတွေအများအပြား ဆုံးရှုံးခဲ့ရတာပါ။
အဲဒီအပြင် လောင်းလုံးတမြို့နယ်လုံးအတိုင်းအတာနဲ့ ဘေးဒဏ်ခံနေရတာကြောင့် ဘေးသင့်ပြည်သူတွေကို အမြန်ဆုံးလာရောက်ကူညီလှူဒါန်းပေးကြဖို့ ဒေသခံတွေကတောင်းဆိုထားကြပါတယ်။
လက်ရှိမှာတော့ ဒေသခံကူညီရေးအဖွဲ့တွေက ဘေးသင့်ဒေသတွေကိုသွားရောက်ပြီး အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ပေးနေကြပါတယ်။












