Border News Agency
စစ်ကိုင်း၊ မေ ၇။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အင်တောကျေးရွာကို မေလ ၂ ရက်နေ့က အာဏာသိမ်းစစ်တပ်ကအင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေရဲ့နေအိမ် ၄၀ ကျော်မီးလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်။
အဲဒီအင်တောကျေးရွာကို အင်အား ၂၀၀ လောက်ပါတဲ့စစ်ကြောင်းဟာ ရွာထဲကိုလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး တအိမ်ဝင်တအိမ်ထွက်မီးရှို့ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကပစ်ခတ်ဝင်လာတာကြောင့် ရွာသားတွေဟာ ဘာမှမယူနိုင်ဘဲ ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းပြန်ထွက်သွားပြီဖြစ်ပေမယ့် အိမ်ခြေ ၄၀ ကျော်နဲ့အတူ ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားတဲ့ရွာသားတွေအတွက် စားဝတ်နေရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။

























