Border News Agency
နေပြည်တော်၊ မေ ၂၇။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရအောင်တည်ဆောက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်သမ္မတတု မင်းအောင်လှိုင်ကမေလ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြောပါတယ်။
သမ္မတတု မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုတာနယ်မြေဒေသကို ပေးတာဖြစ်ပြီး လူမျိုးကိုပေးတာမဟုတ်ဘူးလို့ ဆိုကာပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြငိ တိုင်းပြည် သာယာဝပြောရေးနဲ့ ပြည်သူတွေ ဝင်ငွေကောင်းပြီး လူမှုစီးပွားဘဝ တိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့လည်း ကတိအတုတွေ ပေးခဲ့တာပါ။
ဒါပေမယ့်အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားလုယူခဲ့ပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်မျက်နှာဖွင့်ကာ ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နေပြီး တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း ချောက်ထဲကျအောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်စစ်မြေပြင်မှာအဘက်ဘက်က ရှုံးနိမ့်နေပြီး နယ်မြေအမြောက်အမြားကို လက်လွှတ် ဆုံးရှုံးထားရသလို နိုင်ငံအတွင်းမှာလည်းကုန်ဈေးနှုန်းကြီးမြင့်တာ၊အလုပ်အကိုင် ရှားပါးတာနဲ့ကျပ်ငွေတန်ဖိုး ကျဆင်းတဲ့ဒဏ်တွေကို ပြည်သူတွေ အလူးအလဲ ခံစားနေရတာပါ။
မင်းအောင်လှိုင်ဟာ တိုင်းပြည်နဲ့ ပြည်သူ့ဘဝတခုလုံးကို ဖျက်ဆီးထားပြီးအခုလို ဒီမိုကရေစီ၊ဖက်ဒရယ်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုနေတာဟာ စစ်ရှုံးနေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ဆယ်ယူဖို့နဲ့ လှည့်ဖြားဖို့ ဝါဒဖြန့်ရုံသက်သက်သာ ဖြစ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။






