Border News Agency
မလေးရှား၊ဇူလိုင် ၇။
မလေးရှားနိုင်ငံမှာ မြန်မာအပါအဝင်တရားမဝင် အလုပ်သမားနှစ်ရာဦးဖမ်းဆီးခံရပြီး အဲဒီထဲက တရာ့သုံးဆယ်ကို နေရပ်ပြန်ပို့လိုက်ပြီလို့ ကာလာလမ်ပူလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဇူလိုင်လ ၆ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ကွာလာလမ်ပူမြို့ရှိ တာမန်မာလူရီညဈေးကို ဇူလိုင်လ ၅ ရက်နေ့က မလေးရှားအာဏာပိုင်တွေက စီမံချက်နဲ့ ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားတွေအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သမား နှစ်ရာဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေကို ဂျာလန်ဒူတာရုံးချုပ်မှာ စစ်ဆေးနေပြီး ဥပဒေချိုးဖောက်ကြောင်း တွေ့ရင့် ဘူကစ်ဂျာလစ် ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
အဲဒီအပြင်ဇူလိုင်လ ၆ ရက်မှာလည်း ဂျိုဟိုးပြည်နယ်ထိန်းသိမ်းရေးစခန်းက ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား တရာ့သုံးဆယ်ဦး အပါအဝင် နိုင်ငံခြားသား နှစ်ရာ့ခုနှစ်ဆယ်ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
နေရပ်ပြန်ပို့ခံရသူတွေအားလုံးကို မလေးရှားနိုင်ငံအတွင်း နာမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ပြီး ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့သိရပါတယ်။


















