Border News Agency
ရေကြည်၊ ဇူလိုင် ၅။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ် ၂၂၇ ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်သိမ်းနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၄ ရက်နေ့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီ ၂၂၇ ပွိုင့်ကုန်းရဲ့အနောက်ဘက် တဒဿမတကီလိုမီတာခန့်အကွာရှိ ပထမကာကင်းကုန်းကို ဇူလိုင်လ ၂ ရက်နေ့မှသိမ်းယူနိုင်ခဲ့သလို ၂၂၇ ပွိုင့်ကုန်းမှ တကီလိုမီတာခန့်အကွာရှိ ဒုတိယကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) ကို ဇူလိုင်လ ၃ ရက်နေ့မှာသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲတွေက အလောင်းတချို့၊ လက်နက်ခဲယမ်းတချို့ကိုရခဲ့ပြီး အာဏာသိမ်းစစ်သားတွေ ပွိုင့် ၂၂၇ ကုန်းသို့ ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။
အဲဒီအမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံအမှတ် ၁၀၈ ခြေမြန်တပ်ရင်းမှ စစ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရေကြည်မြို့နယ်ရှိ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ကုန်းကို အာရက္ခတပ်တော်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။









