Border News Agency
ရမ်းဗြဲ၊ဇူလိုင် ၇။
အာရက္ခဒေသက မြို့နယ်ငါးခုမှာ ဇူလိုင်လ ၅ ရက်နေ့ကလေဆင်နှာမောင်းပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့ပါတယ်။
အဲဒီလို တိုက်ခတ်ခဲ့တာကြောင့် ရွာပေါင်း ဆယ်ရွာလောက်မှာ လူနေအိမ်ခြေ တရာ့ရှစ်ဆယ်ကျော်အပြင် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေပါ ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။
အဲဒီ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ လေဆင်နှမောင်းအဓိကတိုက်ခတ်သွားတာပါ။
အဲဒီလို တိုက်ခတ်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်မှာ နေအိမ် တရာ့တဆယ့်နှစ်လုံးနဲ့ သံတွဲမြို့နယ်မှာ ငါးဆယ်နှစ်လုံးအထိ ရှိခဲ့ပါတယ်။
အဲဒီအပြင် ရမ်းဗြဲမှာဆယ်လုံးနဲ့ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
လေဆင်နှာမောင်းဒဏ်ကြောင့် နေအိမ်တွေတင်မကဘဲ တာဝါတိုင်တွေ၊ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေပါ ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။












