Border News Agency
မန္တလေး၊ ဇူလိုင် ၇။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးအထူးလှုပ်ရှားတပ်မရဲ့ ပြန်လည်စုဖွဲ့လေ့ကျင့်မှုကာလဟာ လေးလပြည့်သွားပြီလို့ ဇူလိုင်လ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလေးလအတွင်းမှာ သင်တန်းအပတ်စဉ်နှစ်ခုအပြင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေကိုပါ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့စစ်ရေး၊ နိုင်ငံရေးပြင်ဆင်မှုတွေကိုလည်း အပြည့်အဝဆောင်ရွက်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
အရင်ကကန့်သတ်ချက်လေးတွေနဲ့ပဲ စစ်ဆင်ရေးတွေကို ဖော်ဆောင်ခဲ့ပေမယ့် အခုတော့မိတ်ဖက်အင်အားစုတွေနဲ့ လက်တွဲပြီးစစ်ဆင်ရေးတွေကို အပြည့်အဝ ပြန်လုပ်သွားတော့မယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ လာမယ့်ရက်ပိုင်းမှာ စစ်ဆင်ရေးတွေပြန်စတော့မယ်လို့ အသိပေးထားပါတယ်။




















