Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ ခြင်ထောင်တွေအရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
မိုးဆက်တိုက်ရွာသွန်းပြီး ခြင်တွေပိုပေါက်ဖွားလာတာကြောင့် စစ်ဘေးရှော င်တွေ ညဘက်ကောင်းကောင်းမအိပ်ရဘဲ ခြင်ကိုက်ဒဏ်ကို အလူးအလဲခံနေကြရတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
”လိုအပ်တာတွေတော့အများကြီးပေါ့။ဒါပေမယ့်ညတညကိုတော့ကောင်း ကောင်းအိပ်ချင်ပါတယ်။ခြင်တွေက ဒီနှစ်ထဲ ပိုပွားတယ်လို့တောင်ထင်ရတ ယ်။အရမ်းကိုက်တာ။ဒါကြောင့် ရမယ်ဆိုရင် ခြင်ထောင်အကူအညီ လိုချင်ပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှစစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ လူနှစ်ယောက်အိပ် ဆေးခြင်ထောင်တလုံးကိုနှစ်သောင်းငါးထောင်ကျပ်ထိ ဈေးတက်နေပြီး မိ သားစုတစုအတွက် အနည်းဆုံးနှစ်လုံးမှသုံးလုံးထိဝယ်ယူဖို့လိုအပ်နေတာပါ။
အဲဒီအပြင် နေ့စဉ်စားဝတ်နေရေးကိုပင် မနည်းဖြေရှင်းနေရတဲ့ စစ်ဘေးရှောင်တွေအတွက် ခြင်ထောင်ဝယ်ယူနိုင်ဖို့ငွေ ကြေးအဆင်မပြေကြဘူးလို့လည်းစစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလိုခြင်ကိုက်ခံရမှုတွေကြောင့် စစ်ဘေးရှောင်စခန်းတွေက ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ ဖျားနာတာတွေများနေကြတယ်လို့ ဆိုကြပါတယ်။
”ညနေရောက်ရင်ထင်းစတွေနဲ့ မီးခိုးတွေမှိုင်းတိုက်ထားရပါတယ်။ခြင်ကိုက်နည်းအောင်လို့ပါ။အခုဆို ကလေးငယ်တွေ တယောက်ပြီးတယောက် ဖျားနာနေကြတယ်။အရင်လို တော်ရုံနဲ့မကော င်းကြတော့ဘူး။လူကြီးတွေရောပဲ။”လို့ နောက်ထပ်စစ်ဘေးရှောင်တဦးBorder News Agency ကိုပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လကတည်းကလူမှုကွန်ရက်စာမျက်နှာတွေပမှာ ပုဏ္ဏားကျွန်းစစ်ဘေးရှောင်တွေအတွက် ခြင်ထောင်လှူဒါန်းဖို့ဆိုပြီး အလှူငွေကောက်ခံတာတွေ ရှိခဲ့ပေမယ့် ခုထိဘာအထောက်အပံ့မှ ရောက်ရှိမလာသေးဘူးလို့ စစ်ဘေးရှောင်တွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် မင်းပြားမြို့နယ်၊ဖုံသာချောင်းက ကျေးရွာတွေမှာလည်း ခြင်ကိုက်ခံရမှုကြောင့် သွေးလွန်တုတ်ကွေးရောဂါတွေဖြစ်ပွားပြီး အသက်သေဆုံးသူတွေ များပြားလာနေတာမို့ ခြင်ထောင်တွေအကူအညီပေးကြဖို့ စစ်ဘေးရှောင်တွေ တောင်းဆိုနေကြပါတယ်။






