Border News Agency
ဘန်ကောက်၊ ဇူလိုင် ၁၄။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ဖရောခရိုင်ရှိ Na Lat Phrao Brewery ဘီယာဆိုင်မှာ ဇူလိုင်လ ၁၂ ရက်နေ့က အပြင်းအထန် မီးလောင်ကျွမ်းမှုကြောင့် လက်ရှိမှာသေဆုံးသူသုံးဆယ်ဦးထိ မြင့်တက်လာပြီလို့ Chatuchak ခရိုင်ရုံးကထုတ်ပြန်ပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်က ဆိုင်အတွင်းမှာတင် နှစ်ဆယ့်ခုနှစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နောက်ဆက်တွဲသေဆုံးသူသုံးဦး ထပ်မံတိုးလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်းခုနှစ်ဆယ့်တဦးရှိပြီး သူတို့ထဲကနှစ်ဆယ့်ငါးဦးမှာ စိုးရိမ်ရတဲ့အခြေအနေရှိကာ တဆယ့်လေးဦးမှာ ဒဏ်ရာအလယ်အလတ်ရရှိခဲ့ပါတယ်။
ဒဏ်ရာအနည်းငယ်သာရတဲ့ လူနာသုံးဆယ်နှစ်ဦးကတော့ ဆေးရုံကနေပြန်ဆင်းသွားကြပြီ ဖြစ်ပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူတွေရှိ၊ မရှိကိုလည်း ဆက်ပြီးအတည်ပြုနေပါတယ်။
လတ်တလောမှာ ရဲတပ်ဖွဲ့အနေနဲ့ မီးလောင်မှုနဲ့ပတ်သက်ပြီး သက်သေတဆယ့်ခုနှစ်ဦးကို စစ်ဆေးမေးမြန်းထားပြီး ဆိုင်ပိုင်ရှင်ရဲ့ အမဖြစ်သူဟာလည်း စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ဒီနေ့မှာတွေ့ဆုံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။







