Border News Agency
လုံလေ၊ဇူလိုင် ၁၆။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာမိုးဆက်ရွာနေတာမို့ တောင်မြေတွေပြိုပြီး လောင်တလိုင်-အိုင်ဇောလ်ကားလမ်းပြန်ပိတ်သွားပါတယ်။
အဲဒီအဝေးပြေးလမ်းမကြီးမှာတောင်မြေပြိုနေတာတွေကို လမ်းဦးစီးဌာနနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက စက်ယန္တရားတွေနဲ့ရှင်းပေးခဲ့လို့ ပြန်သွားလာရနေခဲ့ပါသေးတယ်။
ဒါပေမယ့်ထပ်ပြီးတောင်မြေတွေပြိုလာတာမို့ ကားလမ်းပြန်ပိတ်သွားတာကို လမ်းရှင်းဖို့လုပ်နေပေမယ့် ကျောက်တုံးကြီးတွေကို ခွဲထုတ်ဖယ်ရှားရမှာမို့အချိန်ကြာဦးမယ့်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဆန်ဂေါလမ်းက ယာယီပတ်မောင်းကြဖို့ အာဏာပိုင်တွေအရေးပေါ် သတိပေးထားပါတယ်။
အဲဒီတောင်မြေပြိုပိတ်နေတဲ့ကားလမ်းဟာ လောင်တလိုင်နဲ့ဆီဟာမှအိုက်ဇော်လ်ကိုသွားလာအသုံးပြုနေကြတာဖြစ်ပြီး အာရက္ခကုန်သည်တွေ အဓိကအာသုံးပြုကုန်စည်စီးဆင်းနေတဲ့ကားလမ်းဖြစ်ပါတယ်။







