Border News Agency
ကျောက်တော်၊ဇူလိုင် ၁၆။
ကျောက်တော်မြို့နယ်ကရေဘေးသင့်ကျေးရွာက ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့ စောမဲကျီဖောင်ဒေးရှင်းပေါင်းပြီး ဇူလိုင်လ ၁၄ ရက်နေ့ကဆန်အပါအဝင် စားနက်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ခဲ့ပါတယ်။
မိုးရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေမြင့်တက်ကာ ကျောက်တော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအများစုမှာ ရေကြီးရေလျှံခဲ့ပါတယ်။
အဲဒီရေဘေးသင့်ပြည်သူတွေကို ULA/AA တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာပြောင်းပေးပြီးအရေးပေါ်ရိက္ခာ အကူ အညီတွေပေးပါတယ်။
အဲဒီပညာဝ၊ တောင်ပေါက်နဲ့ တူးမြောင်း အပါအဝင် ကျေးရွာ တဆယ်ရွာကို ရိက္ခာတွေ သွားရောက်ပေးခဲ့တာပါ။
အဲဒီရွာဆယ်ရွာအတွက် ဆန်အိတ် တရာလေးဆယ့်ရှစ် အိတ်၊ ဆီ ခြောက်ရာနှစ်ဆယ့်ငါး လီတာ၊ ငါးခြောက် ခြောက်ရာနှစ်ဆယ့်ငါး ပိဿာအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ရေသက်နဲ့ ကလေးအဝတ်အထည်တွေကို ခွဲပေးခဲ့ကြပါတယ်။
အဲဒီအပြင် စိန်ခြုံ၊ ရွာမပြင်၊ ကြာညိုအင်းနဲ့ ပြိုင်းချောင်းရွာတွေကို ရိက္ခာတွေ ထောက်ပံ့ခဲ့သလို ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုတွေကိုဆက်နေပါတယ်။































