Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ကျောက်ဖြူခရိုင် စစ်ရေး ဆောင်းပါး အာရက္ခဒေသ

အာရက္ခအဆုံးအဖြတ်စစ်ပွဲရဲ့နောက် ဆုံးလက်ကျန်တိုက်ပွဲတွေ ဘယ်လိုဖြစ်လာနိုင်လဲ

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
229
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော်ရေးပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါ အဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွ မြို့နယ်တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခဒေသတခုလုံးကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက်တရုတ်စီမံကိန်းတွေရှိရာကျောက်ဖြူမြို့နယ်၊အိန္ဒိယစီမံကိန်းရှိရာမြို့တော်စစ်တွေနဲ့ရေလည်ကျွန်းမြို့မာန်အောင်သာကျန်နေပါတယ်။

အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇စစ်ဆင်ရေး” အဖြစ် အာရက္ခဒေ သမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်မှတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး အာရက္ခတပ်တော်ဟာ စစ်ကောင်စီတပ်စခန်း၊စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မြို့တွေကို တခုပြီးတခုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လာခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ – မောင်တောမြို့သိမ်းတိုက်ပွဲအပြီးတွေ့ရတဲ့အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့ / AA)

ဒါပေမယ့် အာရက္ခတပ်တော်က နိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာမယ့်လို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက စစ်ကောင်စီတပ်ကလက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊စစ်ရေယာဥ်တွေ(နေဗီ)၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့အာရက္ခပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပစ်ခတ်သတ်ဖြတ်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ဟာ မြို့တော်စစ်တွေကို လက်နက်ကြီးပစ်ခတ်သတိပေးတာတွေ ပြုလုပ်လာပြီးနောက် ကျောက်ဖြူမြို့နယ်မှာလည်း နှစ်ဘက်ထိတွေ့ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူတချို့က အစောပိုင်းမှာတော့ တရုတ်စီမံကိန်းတွေရှိပြီး တရုတ်ဖိအားအောက်ထိလွယ်ရှလွယ်ရှိတဲ့ ကျောက်ဖြူနဲ့အရပ်သားပြည်သူတွေအများအပြားပိတ်မိနေဆဲ စစ်တွေကို အာရက္ခတပ်တော်ကတိုက်ခိုက်သိမ်းယူမှာမဟုတ်ဘဲ ဆွေးနွေးပွဲကနေတဆင့်ပဲ ဆက်လုပ်သွားနိုင်တယ်လို့ ယူဆထားခဲ့ကြပါတယ်။

ဒါပေမယ့် တကယ့်မြေပြင်အခြေအနေတွေမှာတော့ အဲဒီယူဆချက်တွေ မမှန်နိုင်တော့ဘူးဆိုတာပြသနေပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခနယ်ခြား ရိုးမတောင်ခြေရင်းအရှေ့ဖက်ခြမ်း ပဲခူး၊ဧရာ၀တီ၊မကွေးတိုင်းဆီ ထိုးစစ်လမ်းကြောင်းပြောင်းနေခဲ့တာမို့အာ ရက္ခဒေသက လက်ကျန်မြို့တွေကို ဆက် လက်သိမ်းပိုက်ပါတော့မလားဆိုတဲ့ ယူဆချက်တွေ ရှိနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက တရုတ်ပြည်မှာပြုလုပ်ခဲ့တဲ့အာရက္ခတပ်တော်နဲ့ စစ်ကောင်စီရဲ့ဆွေးနွေးပွဲရလဒ်ကောင်းထွက်မလာခဲ့သလို အာရက္ခတပ်တော်ကလည်း စစ်တွေနဲ့ ကျောက်ဖြူကို မြေပြင်ပိတ်ဆို့ဝိုင်းရံမှုတွေ ပိုမိုလုပ်ဆောင်နေပြီး မတ်လဆန်းမှာနှစ်ဘက်စစ်ရေးတင်းမာမှုတွေအရှိန်ပိုမြှင့်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အသင့်ဝန်းရံပိတ်ဆို့ထားတဲ့အာရက္ခတပ်တော်ဟာ စစ်ကောင်စီတပ်ကသိမ်းဆည်းရမိထားတဲ့စစ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့အာရက္ခပြည်သူတွေက ဆိုကြတယ်။

ဒီအချက်တွေဟာ အာရက္ခဒေသတခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်သွားမယ်ဆိုတဲ့အချက်ကို လက်တွေလုပ် ဆောင်အကောင်အထည်ဖော်နေတာ
လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ – စစ်ကောင်စီတပ်အသုံးပြုနေတဲ့စစ်ရေယာဥ်တစင်းကို မယူမြစ်ထဲမှာတွေ့ရပုံ / BNA)

အာရက္ခတပ်တော်ဟာ စစ်တွေပတ်လည်မှာရှိပြီး နယ်မြေချင်းထိစပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တော မြို့နယ်ကို သိမ်းပိုက်ပြီးကတည်းက စစ်တွေမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့အခြေစိုက်တပ်စခန်းတွေကို အသင့်အနေအထား ဝိုင်းဝန်းပိတ်ဆို့ထား ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း အာရက္ခအဆုံးအဖြတ်စစ်ပွဲစကတည်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးစိုက်ပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)တည်ရှိရာ မြို့တော်စစ်တွေအတွက် လုံခြုံရေးတွေတိုးချ၊မြို့ပတ်လည်မြစ်ကမ်း၊ချောင်းစပ်တွေမှာ မိုင်းထောင်တာစတဲ့စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

အဲဒီအပြင်ပြည်နယ်တခုလုံးနီးပါးလက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ မြို့ပတ်လည်ရှိကျေးရွာအားလုံးနီးပါးမှအရပ်သားပြည်သူတွေကို မြို့တွင်းထဲသို့ အတင်းအကျပ်ပိတ်လှောင်သွတ်သွင်းကာ အရပ်သားပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်၊တရားစွဲ၊ထောင်ချတဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။

အဲဒီအချက်တွေကြောင့် စစ်တွေမြို့နယ်မှာ စစ်ကောင်စီ တပ်နဲ့အာရက္ခတပ်တော်ကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။

အာရက္ခဒေသမှ မြို့နယ်အားလုံးနီးပါး သိမ်းပိုက်ပြီးချိန်မှာတော့ အာရက္ခတပ်တော်ဟာ စစ်တွေမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို လက်နက် ကြီးတွေနဲ့ ရံဖန်ရံခါလှမ်းပစ်ခြောက် လှန့်နေခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့နယ် ပတ်လည်ရှိ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ပေါက်တောစတဲ့ မြို့နယ်တွေအတွင်းမှ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်း၊လက် နက်ကြီးတွေနဲ့ဆက်တိုက်ပစ်နေတာမို့အရပ်သားသေဆုံး၊ထိခိုက်သူရာကျော်ထိ ရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီလိုနှစ်ဖက်တင်းမာမှုတွေမြင့်နေခဲ့တဲ့စစ်တွေမြို့နယ်မှာအာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီပထမပတ်ကစပြီး လက်နက်ကြီးပစ်ခတ်တာတွေ အပြင်းအထန်လုပ်လာခဲ့ပါတော့တယ်။

“နေ့တိုင်း သူပစ်၊ကိုယ်ပစ်၊ပစ်နေတာပဲ။မြေပြင်မှာလည်း တိုက်ပွဲမကြာခဏရှိနေတယ်။”လို့ မြေပြင်သတင်းရင်းမြစ်တဦးက BNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့နယ်၊ဝါဘိုကျွန်းရှိ ဝါဘို၊မင်းလှကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်ကြား မြေပြင်ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုကြတယ်။

“ထိုးစစ်ကတော့ ပြင်းလာဖို့ပဲရှိမယ်။ပြည်သူတွေကို ညှာတာနေလို့ပဲ ဒီလောက်ကြာနေတာ။”လို့ စစ်ရေးတင်းရင်းမြစ်တဦးက စစ်တွေတိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ Border News Agency ကို ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာ အရပ်သားပြည်သူအများအပြားရှိနေပြီး လေယာဉ်စီးကာ ရန်ကုန်သို့ သွားဖို့ကလွှဲလို့ နောက်ထပ်ထွက်ပေါက်မရှိကြဘူးလို့ စစ်တွေမြို့နေပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ငွေကြေးမတတ်နိုင်တဲ့သူတွေမှာ တိမ်းရှောင်စရာနေရာမရှိဖြစ်နေတယ်လို့ စစ်တွေမြို့ထဲမှာ ပိတ်မိကျန်နေသူတွေက ဆိုကြပါတယ်။

“ရန်ကုန်ပြေးဖို့ ပိုက်ဆံလည်းမရှိဘူး။ပြေးရင်လည်း ဟိုရောက်ရင် သူတို့ခြိမ့်ထဲရောက်သွားမှာ။ဖမ်းချင်သလိုဖမ်း၊သတ်ချင်သလိုသတ်ခံရမှာလေ။ပြေးစရာအပေါက်က မရှိတော့ဘူး။” လို့ စစ်တွေမြို့တွင်းမိသားစုဝင်ခြောက်ဦးနဲ့အတူပိတ်မိနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို မြို့ပြင်ထွက်တိမ်းရှောင်ခွင့်မပေးသလို သူတို့လက်အောက်ခံဝန်ထမ်းတွေကိုလည်း ရန်ကုန်အပါအဝင်ဘယ်နေရာကိုမှ ထွက်သွားခွင့်မပြုဘဲ ပိတ်လှောင်ကာ အုပ်ချုပ်ရေးယန္တရားအတင်းအကျပ်လည်ပတ်ခိုင်းနေတယ်လို့ စစ်တွေမြို့မှစစ်ကောင်စီဝန်ထမ်းတွေက ဆိုကြပါတယ်။

“ဆေးခန်းပြဖို့ ရန်ကုန်ခဏသွားဖို့ဆိုတာတောင်ခွင့်မပြုဘူး။” လို့ စစ်တွေမြို့မှာတာဝန်ချထားခံရတဲ့ ရခိုင်လူမျိုးပညာရေးဝန်ထမ်းတဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

အဲဒီလိုဝန်ထမ်းတွေနဲ့အရပ်သားပြည်သူတွေကို မြို့တွင်းပိတ်လှောင်ထားတဲ့အပြင် မြို့တွင်းနဲ့မြို့နီးပတ်ပတ်လည်တပ်စခန်းတွေမှာလည်း အတင်းအကျပ်စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလူ ငယ်တွေ၊ဒေါ်စောပြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်သားတွေနဲ့အတူ ပူးတွဲ၊တိုးမြင့်ချထားတယ်လို့ စစ်တွေမြို့မှစစ်ကောင်စီအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့ပေါ်မှာ စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေ နေထိုင်ကြပါတယ်။

အဲဒီပြည်နယ်မြို့တော်မှာစစ်တွေအခြေစိုက်၊ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်၊အမှတ် ၂၀ ခြေလျင် တပ်ရင်း၊အမှတ် ၂၃၂ခြေလျင်တပ်ရင်း၊အမှတ် ၂၇၀ခြေလျင်တပ်ရင်း၊အမှတ် ၃၄၄ ခြေမြန် တပ်ရင်း၊အမှတ် ၃၅၄ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၃ အမြောက်တပ်ရင်းတည်ရှိပါတယ်။

(ဓာတ်ပုံ – စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးတွေ့ရတဲ့စစ်ကောင်စီရေတပ်စစ်သင်္ဘောတစင်း / BNA)

အဲဒီအပြင် အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် ၈၁၈ ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၈၂၈ ထောက်ပို့နဲ့ပို့ဆောင်ရေးတပ်ရင်း၊အမှတ် ၈စစ်မြေပြင်ဆေးတပ်ရင်း၊အမှတ် ၉ လျှ ပ်စစ်နဲ့စက်မှုအင်ဂျင်နီယာတပ်ရင်း၊အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ် ၈၆၈ တပ်ထိန်းတပ်ခွဲ၊အမှတ် ၄ ဆက်သွယ်ရေးအလုပ်ရုံ၊အမှတ် ၉၆၂ ဆောက်လုပ်ရေးအင်ဂျင်နီ ယာတပ်ခွဲ၊အမှတ် ၄၃၄ စစ်လက်နက်တပ်ခွဲ၊အမှတ် ၁၀ ပညာရေးကျောင်းတည်ရှိပါတယ်။

နောက်ပြီး အမှတ် ၁၇ တပ်မတော်ကုတင် ၁၀၀ ဆေးရုံ၊အမှတ် ၂ စစ်ဖက်ရေးရာလုံခြုံရေးတပ်စု၊အမှတ် ၁၂ ရဲတပ်ရင်း၊အမှတ် ၃၆ ရဲတပ်ရင်းတည်ရှိသလို ရေတပ်အခြေစိုက်စခန်းလည်း တည်ရှိပါတယ်။

အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အမှတ် ၃ စစ်ရေတပ်ဗျူဟာကို အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်လိုက်သလို ဗိုလ်ချုပ်အဆင့်အရာရှိတဦးက ဦးဆောင်ကွပ်ကွဲနေပြီးအရာရှိစစ်သည်အင်အားသုံးဆယ်၊ရေတပ်စစ်သည်အင်အားသုံးရာကျော်ထိရှိနေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

အဲဒီအမှတ် ၃ ရေတပ်ဗျူဟာကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကောင်စီရဲ့ရေတပ်စစ်သည်အင်အားနှစ်ရာခန့်က စစ်ရေယာဥ်ကြီးငယ်အစီးရေသုံးဆယ်ကျော်နဲ့ရိ
က္ခာထောက်ပို့မှုတွေ၊စစ်သည်အင်အားသယ်ယူပိုဆောင်မှုတွေ၊စစ်ကူ၊ပစ်ကူပေးမှုတွေကို အဓိကပြုလုပ်နေတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့နယ်ရှိ ဒေသကွပ်ကဲမှုစ စ်ဌာနချုပ်အနီးရှိကျေးရွာအားလုံးနဲ့စစ်တွေမြို့သို့ရေလမ်းမှဝင်ရောက်လာနိုင်တဲ့နေရာအားလုံးမှာလည်း နေအိမ်တွေကို ဖြိုဖျက်ရောင်းစားကာ စစ်ကောင်စီ
တပ်က ခံစစ်ပြင်စစ်စခန်းချထားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ဘယ်လောက်ပဲပြင်ဆင်ထားထား။တပ်တော်ကချရင်တော့ မကြာဘူး။စစ်တွေလည်းပါသွားမှာပဲ။ချလည်းချတော့မယ်ထင်တယ်။” လို့ လွတ်မြောက်နယ်မြေဆီတိမ်းရှောင်လာတဲ့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ မြေပြင်တိုက်ပွဲတွေအပြင်းအထန်မဖြစ်သေးပေမယ့် မကြာမီအချိန်အတွင်း တိုက်ပွဲပြင်းလာနိုင်ပြီး အာရက္ခတပ်တော်က အပြီးသတ်တိုက် ပွဲဆင်နွှဲ၊ထိုးစစ်ဆင်လာနိုင်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ခန့်မှန်းပြောဆိုကြတယ်။

(ဓာတ်ပုံ – စစ်တွေမြို့၊ ရွှေမင်းဂံရေတပ်ဗျူဟာမှာတွေ့ရတဲ့စစ်ကောင်စီ ရေတပ်စစ်သင်္ဘောတစင်း / BNA)

အဲဒီအပြင်ကျောက်ဖြူမြို့နယ်မှာလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက မြေပြင်တိုက်ပွဲတွေစဖြစ်နေခဲ့ပြီး ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေသေးတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နဲ့ငါးမိုင်ဝန်းကျင်အကွာရှိ စစ်ကောင်စီတပ်ရဲ့ဓည၀တီရေ တပ်စခန်းအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ဖက်က စစ်ကြောင်းထိုးနယ်မြေချဲ့လာတာကြောင့်ဖြစ်နေကြတာလို့ ကျောက်ဖြူဒေသခံတွေက ပြောဆိုကြပြီး အာရက္ခတပ်တော်ဘက်ကလည်း ပြန် လည်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်ဟာ လက်အောက်ခံအမှတ်(၁၁)ရေတပ်ဆက်သွယ်ရေးတပ်၊အမှတ်(၁၂)ရေတပ်ပစ္စည်းထိန်းတပ်၊အမှတ်(၁၃)ရေတပ်အုပ်ချုပ်ရေးတပ်၊အမှ တ်(၁၄)ရေတပ်လက်နက်ခဲယမ်းနှင့်မီးကျောက်မီးတပ်၊အမှတ်(၁၅)ရေတပ်စက်မှုလက်မှုတပ်၊အမှတ်(၁၆)စစ်ရေယာဉ်စုတပ်တွေအပြင် အမှတ်(၁၈)ရေတပ်အခြေစိုက်စခန်း၊မာန်အောင်မြို့နယ်ရှိအမှတ်(၁၉)ရေတပ်ရှေ့တန်းစခန်းကိုပါကွပ်ကဲအုပ်ချုပ်နေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

အဲဒီဓညဝတီရေတပ်စခန်းဌာနချုပ်အောက်မှာရေတပ်စစ်သင်္ဘောငယ်အစီးရေသုံးဆယ်ကျော်ရှိပြီး ရေတပ်စစ်ဆင်ရေးတွေကို အဓိကကွပ်ကဲနေသလို ကုန်း၊ရေစစ်သည်အင်အားတထောင်ကျော်ခန့်ရှိတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအပြင်ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့မနီးမဝီးပင် လယ်ဝမှာ အမှတ် ၇၁ စစ်ရေယာဉ်စုရှိနေသလို ရေငုတ်သင်္ဘောကြီးတစင်းကိုပါတွဲထားပြီး စစ်ကူပစ်ကူအဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

နောက်ပြီးကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့အမှတ် ၃၄ ခြေလျင်တပ်ရင်း၊အမှတ် ၅၄၂ ခြေမြန်တပ်ရင်း၊အမှတ် ၅၄၃ ခြေမြန်တပ်ရင်း၊အမှတ်(၃၂)ရဲတပ်ရင်းအခြေစိုက်ထားပြီး အမှတ် ၃ ၂ ရဲတပ်ရင်းထဲမှာ စစ်သည်၊လက်နက်အင်အားအများအပြားထပ်ဖြည့်ထားတယ်လို့လည်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့ပေါ် ငလပွေဆိပ်ကမ်းအပါအဝင် မြို့ပတ်လည်ဆိပ်ကမ်းတွေ၊မြို့အဝင်ကျောက်တလုံးဘုရားအနီးမှာ တပ်စခန်းတွေချထားပြီး ဓည၀တီရေတပ်ဌာနချုပ်နဲ့ရဲတပ်ရင်းအနီးဝန်းကျင်မှာလည်း ကာကင်းစခန်းငယ်တွေ ချထားတယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် မြို့ပေါ်နဲ့တပ်ရင်းတွေဆီဝင်လာနိုင်တဲ့ လူနေကျေးရွာတွေအနီးဝန်းကျင်တွေမှာလည်း မြေမြှုပ်မိုင်းတွေထောင်းထားပြီး အဲဒီမိုင်းတွေကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့အရပ်သားပြ ည်သူတွေဟာလည်း ဆယ်ဂဏန်းရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီလိုတိုက်ပွဲဖြစ်နေတဲ့ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင်ဒုက္ခပေါင်း ထောင်ဂဏန်းထိရှိနေပြီး ကျောက်ဖြူမြို့တွင်းပိတ်မိနေသူတွေကိုလည်း စစ်ကောင်စီတပ်က မြို့ပြင်ထွက်ခွင့် ပိတ်ထားကာ မြို့ပြင်ကျေးရွာတွေမှ ပြည်သူတွေကိုလည်း မြို့တွင်းသို့ စျေးဝယ်၊ဆေးခန်လာပြခွင့်တားမြစ်ထားတယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို တဖက်လှည့်နဲ့ဖိအားပေးကစားလေ့ရှိတဲ့ တရုတ်ရဲ့ရေနံနဲ့သဘာ၀ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် တရုတ်စီမံကိန်းကြီးတွေရှိတဲ့ ကျောက်ဖြူမှာ အရင်က ထိတွေ့တိုက်ပွဲအနည်းငယ်သာဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့်ခုတကြိမ်တိုက်ပွဲတွေကတော့ ရှောင်လွှဲမရတဲ့ထိတွေ့တိုက်ပွဲမျိုးထက်ကျော်လွန်ပြီး အပြီးသတ်သိမ်းပိုက်မယ့်တိုက်ပွဲဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

“တရုတ်ကလည်း မီးစိမ်းပြထားလောက်ပြီထင်ပါတယ်။”လို့ အမည်မဖော်လိုသူနိုင်ငံရေးအကဲခတ်တဦးက ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲရဲ့နောက် ဆုံးလက်ကျန်တိုက်ပွဲတွေ အပြင်းထန်းဆုံးတိုက်ခိုက်ကြရမယ့် နှစ်ဘက်စစ်သည်လက်နက်စစ်ဗျူဟာတွေပြိုင်ဆိုင်ကြရမယ့်အခြေအနေတွေလို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

အဲဒီအပြင် ပြည်သိမ်းစစ်ရဲ့နောက်ဆုံးတိုက်ပွဲတွေဖြစ်တာမို့ အာရက္ခတပ်တော်ဟာ စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင်ဆိုပြီး ကွက်ချန်ထားခဲ့မှာမဟုတ်ဘဲ အကုန်လုံးကိုအပြတ်အသတ်သိမ်းပိုက်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

(ဓာတ်ပုံ – ကျောက်ဖြူမြို့တွင်းတနေရာ / BNA)

“ပြတ်အောင်ဖြတ်ရတော့မှာပေ့ါ။အပြတ်ဖြတ်ရတော့မယ်။ဘာလို့လဲဆိုရင် ရခိုင်တပြည်နယ်လုံးကို သိမ်းထားပြီးတော့ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်ဆိုပြီးတော့ အဲလိုချန်ထားလို့ကမရတော့ဘူးလေ။ကွက်ကျန်ခဲ့လို့ကမရ။ကွက်ကျန်ခဲ့ရင် ရေရှည်မှာပြဿနာရှိမယ်။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(AL D)ပါတီ အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်က သုံးသပ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန် ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် နိုင်ငံတကာရင်းနှီးမှုတွေ၊ စီမံကိန်းတွေရှိနေပေမယ့်လည်း လက်နက်မြို့နယ်တွေကို အဆုံးအဖြတ်စစ်ပွဲအဖြစ် နောက်ဆုံးလက်ကျန်တိုက်ပွဲတွေကို အပြတ်ဖြတ်တော့မယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

“အခုကျန်တဲ့မြို့တော်(စစ်တွေ)ပဲဖြစ်ဖြစ်။ကုလားတန်စီမံကိန်ရှိရာပဲဖြစ်ဖြစ်။တရုတ်စီမံကိန်း(ရှိရာ)ကျောက်ဖြူပဲဖြစ်ဖြစ်။သူတို့ အပြတ်တော့သိမ်းရမယ်လို့ထင်တယ်။” လို့ ဦးမျိုးကျော်က ဆက်ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ အာရက္ခဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက်ပြီးရင်တော့ အာရက္ခဒေသမှာ ရင်းနှီးမြှပ်နှံထားတဲ့စီမံကိန်းနိုင်ငံတွေဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့တိုက်ရိုက်ဆွေးနွေးကြရမယ်လို့လည်း ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

“ရခိုင့်သယံဇာတဟာ ရခိုင်ပိုင်သင့်တယ်လေ။ရခိုင်ရသင့်တယ်လေ။အဲအတွက်ဒီဟာတွေကိုဆက်ပြီးတော့လည် ပတ်မယ်ဆိုလို့ရှိရင် သေချာပေါက် ဒီလုပ်ငန်းတွေကရလာဖို့ အမြတ်ထွက်တွေရဲ့ရလာဒ်တွေကိုတော့ ရခိုင်ပြည်သူတွေ ခံစားခွင့်ရှိရမယ်လို့မြင်တယ်။ဒီအတွက်တက်လာတဲ့ရခိုင်ပြည်အစိုးရဟာလည်း အဲဒီကိစ္စကို သေချာပေါက်ဆောင်ရွက်ရမယ်။” လို့ ဦးမျိုးကျော်က ပြောပါတယ်။

အာရက္ခဒေသတခုလုံးကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ အကြိမ်ကြိမ်ကြွေးကြော်ထုတ်ပြန်လေ့ရှိတဲ့အာရက္ခတပ်တော်ဟာ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ နောက်ဆုံးလက်ကျန်တိုက်ပွဲတွေကို အပြီးသတ်ဆင်းနွဲ့ပြီး အာရက္ခပြည်သူလူထုရဲ့ကိုယ့်ပြည်ကိုကိုယ်ပြန်အုပ်ချုပ်မယ့်အိပ်မက်ကို မဖြစ်မနေအကောင်ဖော်ရတော့မယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousနိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ
Nextအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို စစ်ဘေးရှောင်စခန်းမှာပြုလုပ်Next
Previous Post

နိုင်ငံတော်(သို့မဟုတ်)လူဖြစ်ရကျိုးနပ်သောနေရာ

Next Post

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို စစ်ဘေးရှောင်စခန်းမှာပြုလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page