Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဩဂုတ် ၂၀။
အာရက္ခရေပိုင်နက်ထဲတရားမဝင်ဝင်ရောက် ငါးခိုးဖမ်းလို့ ပြစ်ဒဏ်ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားနှစ်ဆယ့်လေးဦးကို ကတိခံဝန်ချက်ထိုးခိုင်းပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ဆီ ဩဂုတ်လ ၁၉ ရက်နေ့ကလွှဲပြောင်းပေးလိုက်ပါတယ်။
အဲဲဒီငါးဖမ်းသမား နှစ်ဆယ့်လေးဦးဟာ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်ဆန်းပိုင်းက မောင်တောမြို့နယ်၊ကျောက်ပန္ဒူနဲ့ အင်းဒင်ကမ်းခြေအနီး ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေဖြစ်ပါတယ်။
သူတို့ရဲ့ မိသားစုစားဝတ်နေရေးကို ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နှစ်ဖက်အဖွဲ့အစည်းကြား နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့အတွက်လည်းကောင်းရည်ရွယ်ပြီး နတ်မြစ်အတွင်းနယ်ခြားမျဉ်းမှာ သွားရောက်လွှဲပြောင်းပေးခဲ့တာပါ။
အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ငါးခိုးဖမ်းပါက ဘယ်သူ့ကိုမဆိုဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။























