Border News Agency
မုဒုံ၊ ဩဂုတ် ၂၀။
မွန်ပြည်၊မုဒုံမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းနေတာကြောင့် ဩဂုတ် ၂၀ရက်၊ ဒီနေ့ မနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ကားလမ်းပေါ်သို့ရေကျော်နေပါတယ်။
အဲဒီမုဒုံမြို့ရှိ နှီးပဒေါကျေးရွာ၊မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊မိုင်တိုင်အမှတ် (၃၅/၁) နဲ့ (၃၅/၂) အကြားမှာ တောင်ကျရေတွေစီးဆင်းနေတာကြောင့်ကားလမ်းပေါ်သို့ ရေကျော်နေတာဖြစ်ပါတယ်။
ရေကျော်မှုဖြစ်ပွားနေတာကြောင့် မုဒုံမြို့နယ်မီးသတ်စခန်းနဲ့ ကမာဝက်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေဟာသက်ဆိုင်ရာအဖွဲ့အစည်း၊လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။
အဲဒီတောင်ကျရေတွေစီးဆင်းနေတာကြောင့် မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းစွာသွားလာကြဖို့ကိုလည်း ကူညီဆောင်ရွက်နေပါတယ်။











