Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၁။
အာရက္ခပြည်အတွင်းမှာရောင်းချခဲ့တဲ့ အာရက္ခလောင်ပေါ်ရဲ့ တတိယအကြိမ်မြောက် ကံစမ်းမဲဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်၊ဒီနေ့မှာပြုလုပ်ခဲ့ရာ အမြင့်ဆုံးဆုဖြစ်တဲ့ကျပ်သိန်း ၇၅၀ ဆု ပေါက်မဲနံပါတ်ထွက်ပေါ်လာပါတယ်။
ခု တတိယအကြိမ် ကံစမ်းမဲဖွင့်လှစ်ရာမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်း ၇၅၀ ဆုကံထူးရှင် လောင်ပေါ်နံပါတ်ကတော့ ၃၂၉၃၁၃ ဖြစ်ပါတယ်။
အဲဒီကံစမ်းမဲအစီအစဉ်ကို တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွင့်လှစ်ကျင်းပခဲ့ပြီး ဆုရလဒ်တွေကို တရားဝင်တိုက်ရိုက်ထုတ်လွှင့်ကာ ကြေညာခဲ့တာဖြစ်ပါတယ်။
ဆုရရှိသူကံထူးရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မိမိတို့ရဲ့ ဆုငွေတွေကို သတ်မှတ်ကာလအတွင်း ထုတ်ယူနိုင်တယ်လို့ တာဝန်ရှိသူတွေကအသိပေးထားပါတယ်။
အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အကောက်အခွန်နဲ့အခွန်ဌာနက ဦးဆောင်ရောင်းချနေတာဖြစ်ပြီး တရားမဝင် လောင်းကစားတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။










