Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁။
တတိယအကြိမ် အာရက္ခလောင်ပေါ်ရဲ့ ပထမဆုကြီး၊ဒုတိယဆုကြီးနဲ့ တတိယဆုကြီး ပေါက်မဲဂဏန်းတွေကို စက်တင်ဘာလ ၁ ရက်၊ ဒီနေ့မှာ တရားဝင်တိုက်ရိုက်ထုတ်လွှင့်ကာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ခုတတိယအကြိမ် လောင်ပေါ်ဖွင့်ပွဲမှာ ပထမဆုကြီး ကျပ်သိန်း ၇၅၀ ရရှိတဲ့ ပေါက်ဂဏန်းကတော့ ၃၂၉၃၁၃ ဖြစ်ပါတယ်။
ဒုတိယဆုကြီးကျပ်သိန်း ၅၀၀ ရရှိတဲ့ ပေါက်ဂဏန်းကတော့ ၂၇၂၄၈၂ ဖြစ်ပါတယ်။
တတိယဆုကြီးကျပ်သိန်း ၄၀၀ ရရှိတဲ့ ပေါက်ဂဏန်းကတော့ ၀၂၉၄၆၁ ဖြစ်ပါတယ်။
ဆုရရှိသူကံထူးရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မိမိတို့ရဲ့ ဆုငွေတွေကို သတ်မှတ်ကာလအတွင်း ထုတ်ယူနိုင်တယ်လို့ တာဝန်ရှိသူတွေကအသိပေးထားပါတယ်။
အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အကောက်အခွန်နဲ့အခွန်ဌာနက ဦးဆောင်ရောင်းချနေတာဖြစ်ပြီး တရားမဝင်လောင်းကစားတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။








