Border News Agency
ကလေး၊ စက်တင်ဘာ ၂။
စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် ချောင်းရေတွေလျှံတက်လာပြီး မင်္ဂလာဥယျာဉ်နဲ့မြို့သာရပ်ကွက်က မြေနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်နေပါတယ်။
အဲဒီကလေးမြို့နယ်၊တောင်ပိုင်းမှာလည်း ဇင်းကလင်းတံတား အောက်ခြေရေတိုက်စားပြီး မြေပြိုတာကြောင့် လမ်းကြောင်းကို လတ်တလော ပိတ်ထားရသလို မြို့အထွက် ဖောင်ကူးတံတားဘက်မှာလည်း မြစ်ရေဆက်တိုက်မြင့်တက်နေပါတယ်။
အဲဒီအပြင် U9 Operator Main Site Down ဖြစ်သွားတာကြောင့် ကလေးမြို့ပေါ်မှာ ဖုန်းလိုင်း၊အင်တာနက်နဲ့ WiFi လိုင်းအများပြား ပြတ်တောက်နေပြီး MPT ဖုန်းလိုင်းတခုပဲ အသုံးပြုလို့ရတော့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။


















