Border News Agency
ဂွ၊ စက်တင်ဘာ ၃။
အာရက္ခဒေသ၊ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့နဲ့အနီးပတ်ဝန်းကျင်တွေကို စက်တင်ဘာလ ၃ ရက်၊ဒီနေ့ မနက် ၁၁ နာရီအချိန်က အာဏာသိမ်းစစ်တပ်ရဲ့ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့စစ်သင်္ဘောတွေမှ ရေကြောင်းတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA)ကထုတ်ပြန်ပါတယ်။
အဲဒီရေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အာရက္ခဒေသပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း အန္တရာယ်ကို အထူးသတိထားကြဖို့လည်းအသိပေးနှိုးဆော်ထားပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။










