Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ပဒေသာကျေးရွာအနီးကို စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လည် ၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပဒေသာကျေးရွာ၊ကွမ်းတောင်ကျေးရွာ၊ယာချောင်းကျေးရွာတွေအနီးကို အာဏာသိမ်းစစ်တပ်က ပေါင်ငါးရာဗုံးတွေကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။
“အသံတွေအကျယ်ကြီးကြားရပါတယ်။အနည်းဆုံးလေး၊ငါးလုံးကျပါပြီ။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
နောက်ဆက်တွဲဆက်ဖော်ပြပါမယ်။










