Border News Agency
ဂျိုဟိုးဗာရူး၊ စက်တင်ဘာ ၃။
မလေးရှားနိုင်ငံ၊ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့အော်ပရာစီ စစ်ဆေးရေးအတွင်း မြန်မာနိုင်ငံသားခုနှစ်ဆယ့်လေးဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား တရာနှစ်ဆယ့်သုံးဦးထိန်းသိမ်းခံလိုက်ရပါတယ်။
အဲဒီစစ်ဆေးရေးကို ဒင်းဆန်းစားသောက်ဆိုင်တွေ၊မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးစခန်းတွေ၊အဝတ်လျှော်စခန်းတွေ၊ မော်တော်ယာဉ် ပစ္စည်းဆက်စပ်ဆိုင်တွေနဲ့ ခြေနှိပ်နှိပ်နယ်ရေးလုပ်ငန်းခွင်တွေဆီ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ထိန်းသိမ်းခံရသူတွေထဲမှာ မြန်မာအမျိုးသား လေးဆယ့်ခုနှစ်ဦး၊မြန်မာအမျိုးသမီး နှစ်ဆယ့်ခုနှစ်ဦး၊အင်ဒိုနီးရှား အမျိုးသားဆယ်ဦး၊အမျိုးသမီးဆယ့်လေးဦး၊တရုတ် အမျိုးသားတဦး၊အမျိုးသမီး ခုနှစ် ဦး၊နီပေါ အမျိုးသားခြောက်ဦး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားငါးဦး၊ ပါကစ္စတန် အမျိုးသားငါးဦးနဲ့ ဗီယက်နမ်အမျိုးသမီး တဦးတို့ပါဝင်ကြပါတယ်။
အဲဒီရွှေ့ပြောင်းလုပ်သားတွေဟာ စားဖိုမှူး၊ အနှိပ်သည်၊ စားပွဲထိုးနဲ့ ဖောက်သည်တွေအဖြစ် လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
သူတို့တွေကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအောက်မှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသယနဲ့ စက်တီယာ ထရိုပီကာလူဝင်မှုကြီးကြပ်ရေးစခန်းဆီ ပို့ဆောင်စုံစမ်းစစ်ဆေးနေပါတယ်။
























