Border News Agency
နီပေါ၊ စက်တင်ဘာ ၄။
နီပေါနိုင်ငံ၊ထရီဆူလီ သုံး ‘အေ’ ရေအားလျှပ်စစ် စီမံကိန်းဧရိယာအတွင်း ပိတ်မိနေတဲ့ ရေဘေးသင့်ပြည်သူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ စက်တင်ဘာလ ၄ ရက်၊ဒီနေ့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီပိတ်မိနေသူနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး မြို့တော်ခတ္တမန္ဒူးသို့ လေကြောင်းမှတဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။
အဲဒီကယ်ဆယ်ရေးလုပ်ငန်းတွေ နီပေါတပ်မတော်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်နဲ့ သွားရောက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်နေ့ကစတင်ကာ ရေခဲမြစ်ပြိုကျမှုကြောင့် တောင်ကျရေလျှံမှုနဲ့မြေပြိုမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် လူတထောင်ကျော်သေဆုံးခဲ့ရပြီး လေးထောင်နီးပါးပျောက်ဆုံးနေပါသေးတယ်။
ခုလက်ရှိမှာ ရေကြီးမြေပြိုမှုတွေကြောင့်လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ပိတ်မိနေသူတွေကိုကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြပါတယ်။














