Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂၇။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီဝင်တွေအနေနဲ့ ရဲရင့်တည်ကြည်စွာ တာဝန်သိစိတ်ရှိဖို့၊ကတိသစ္စာတည်ကြည်ပြီး အကျင့်စာရိတ္တ ကောင်းမွန်ဖို့၊တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့နဲ့ အဂတိတရားကင်းရှင်းစွာနဲ့ လူထုနဲ့ပေါင်းသင်းဆက်ဆံဖို့ အဓိက လမ်းညွှန်ထားပါတယ်။
ပြည်သူတွေနဲ့ဆက်ဆံရာမှာ ပြည်သူ့အသက်အိုးအိမ်နဲ့အမျိုးသားစီးပွားကို ကာကွယ်ရမှာဖြစ်ပြီး လေးစားစွာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့၊ မတရားဖိနှိပ်မှု၊ ခြိမ်းခြောက်မှုနဲ့ မထီမဲ့မြင်ပြုမှုတွေ လုံးဝမပြုလုပ်ဖို့ ကျင့်ဝတ်တွေသတ်မှတ်ထားတာပါ။
အဲဒီအပြင်ပါတီဝင်အချင်းချင်းကြားမှာလည်း ရဲဘော်ရဲဘက်စိတ်ထားရှိပြီး လေးစားတန်ဖိုးထားဖို့၊မတရားဖိနှိပ်မှုနဲ့ နှိမ့်ချဆက်ဆံမှုတွေ မပြုလုပ်ဖို့၊ အထက်ရဲ့ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာပြီး အနှစ်သာရရှိရှိခေါင်းဆောင်မှုပေးဖို့ ဖော်ပြထားပါတယ်။
နောက်ပြီးပါတီဝင်တွေအနေနဲ့ ပါတီရဲ့ မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို လေးစားလိုက်နာရမှာဖြစ်ပြီး ပါတီရဲ့ အသွင်အပြင်နဲ့ အရည်အသွေးတွေ ပိုမိုတိုးတက်လာစေဖို့ စဉ်ဆက်မပြတ် လေ့လာကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။
အထူးသဖြင့်အရက်သေစာ သောက်စားမူပစ်တာကိုလျှော့ချဖို့၊လိင်ပိုင်းဆိုင်ရာ စိစစ်စို့နှောင့်မှု၊ အလွဲသုံးစားမှုနဲ့ အကြမ်းဖက်မှုတွေ (PSEA/SHEA) မှ တားဆီးကာကွယ်ရေးဆိုင်ရာ မူဝါဒတွေကို မပျက်မကွက်လိုက်နာရမှာဖြစ်ပြီး ကျူးလွန်ရင်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။






